ကျောင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ ‘The Glory’ ဒါရိုက်တာ Ahn Gilho

ကျောင်းတွင်းအနိုင်ကျင့်မှုကို တွန်းလှန်တဲ့ ဒရာမာ The Glory ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Ahn Gilho ဟာ ၁၉၉၆ ခုနှစ်က ကျောင်းတွင်း အနိုင်ကျင့်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

‘The Glory 2’ မထွက်ခင် နာရီပိုင်းအလိုမှာ စွပ်စွဲချက်တွေ ထွက်ရှိလာတာဖြစ်ပြီး
Ahn Gilho ရဲ့ အနိုင်ကျင့်ခံရသူလို့ ကိုယ့်ဘာသာ ထုတ်ပြောလာတဲ့ A ဆိုသူက သူဟာ “ကိုရီးယားဒရာမာတွေကို ကြည့်လေ့ရှိသူမဟုတ်တာကြောင့် Ahn Gilho ဟာ ဒရာမာဒါရိုက်တာအနေနဲ့ အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ‘The Glory’ ဟာ လူသိများတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာတော့မှ ကျွန်တော်သိလိုက်ရတယ်။” လို့ အစပျိုးခဲ့ပါတယ်။

အဲဒီနောက် “Ahn Gilho က ဖိလစ်ပိုင်မှာ ကျောင်းတက်နေစဉ်က အလယ်တန်းကျောင်းသူ B နဲ့ ချိန်းတွေ့ခဲ့ကြတယ်။ တခြားအတန်းဖော်တွေနဲ့ B ကို ကျွန်တော်တို့ စနောက်တော့ သူ့သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့အပေါ် ကျောင်းအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်။ သူတို့ လူဘယ်နှစ်ယောက်လဲ အတိအတိအကျ မမှတ်မိတော့ပါဘူး။ အဲ့ဒီမှာ သူအပါအဝင် အနည်းဆုံး လူ ၅ ယောက်လောက်က ရိုက်နှက်ပြီး သူတို့မေးခွန်းတွေကို မဖြေတဲ့အခါ ခြိမ်းခြောက်တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေကို ဓားတစ်ချောင်း ယူလာခိုင်းတယ်။ ဒီလိုကျူးလွန်ကြတာ ၂ နာရီလောက်ကြာပါတယ်။”လို့ A ကပြောပါတယ်။

A က သူဟာ လက်ရှိအမေရိကန်မှာ နေထိုင်နေတာဖြစ်ပြီး Ahn Gilho ရဲ့ အတိတ်က ဇာတ်လမ်းကို ထုတ်ဖော်ရခြင်းရဲ့ အကြောင်းရင်းကို သူက အခုလို ရှင်းပြပါတယ်။

“တကယ်တော့ တခြားနာမည်ကြီးတွေနဲ့ ကျော်ကြားသူတွေ ကျောင်းတက်တုန်းက အနိုင်ကျင့်ခံရတာကို ထုတ်ဖော်ခံရတဲ့အခါ ကျူးလွန်ခံရသူက နောက်ဆက်တွဲအနေနဲ့ ဒုက္ခရောက်ရတာတွေရှိတယ်။ ငါက ကိုရီးယားမှာ နေတာမဟုတ်တော့ အရမ်းစိတ်မပူပါနဲ့။ ကိုရီးယားမှာရှိနေတဲ့ သူငယ်ချင်းတွေအတွက်ပဲ စိတ်ပူပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကို လူသိရှင်ကြား ထုတ်ဖော်ဖို့ သူတို့ကလည်း သဘောတူထားပါတယ်။”လို့ ဆိုပါတယ်။

“Ahn Gilho က ငြင်းရင် တခြားသူငယ်ချင်းတွေလည်း လာထွက်ဆိုကြလိမ့်မယ်။ သူက တကယ်လို့ ထပ်ငြင်းရင်တော့ တရားဥပဒေအရ အရေးယူဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျနော်တို့ တက်ကြွစွာ တုံ့ပြန်မယ်။ သူ့ဆီက ကျနော်တို့ လိုချင်တာက တရားမျှတမှုကို အကောင်အထည်ဖော်သွားဖို့ပါပဲ။” လို့ A က ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Studio Dragon ထုတ်လုပ်ရေးက “ကျွန်တော်တို့ လောလောဆယ် အချက်အလက်တွေကို စစ်ဆေးနေပါတယ်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Update သတင်းတွေကို ဆက်လက်စောင့်ကြည့်ပေးပါ…

….

ကျောင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ ‘The Glory’ ဒါရိုက်တာ Ahn Gilho

ကျောင်းတွင်းအနိုင်ကျင့်မှုကို တွန်းလှန်တဲ့ ဒရာမာ The Glory ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Ahn Gilho ဟာ ၁၉၉၆ ခုနှစ်က ကျောင်းတွင်း အနိုင်ကျင့်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

‘The Glory 2’ မထွက်ခင် နာရီပိုင်းအလိုမှာ စွပ်စွဲချက်တွေ ထွက်ရှိလာတာဖြစ်ပြီး Ahn Gilho ရဲ့ အနိုင်ကျင့်ခံရသူလို့ ကိုယ့်ဘာသာ ထုတ်ပြောလာတဲ့ A ဆိုသူက သူဟာ “ကိုရီးယားဒရာမာတွေကို ကြည့်လေ့ရှိသူမဟုတ်တာကြောင့် Ahn Gilho ဟာ ဒရာမာဒါရိုက်တာအနေနဲ့ အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ‘The Glory’ ဟာ လူသိများတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာတော့မှ ကျွန်တော်သိလိုက်ရတယ်။” လို့ အစပျိုးပြောကြားခဲ့ပါတယ်။

အဲဒီနောက် “Ahn Gilho က ဖိလစ်ပိုင်မှာ ကျောင်းတက်နေစဉ်က အလယ်တန်းကျောင်းသူ B နဲ့ ချိန်းတွေ့ခဲ့ကြတယ်။ တခြားအတန်းဖော်တွေနဲ့ B ကို ကျွန်တော်တို့ စနောက်တော့ သူ့သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့အပေါ် ကျောင်းအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်။ သူတို့ လူဘယ်နှစ်ယောက်လဲ အတိအတိအကျ မမှတ်မိတော့ပါဘူး။ အဲ့ဒီမှာ သူအပါအဝင် အနည်းဆုံး လူ ၅ ယောက်လောက်က ရိုက်နှက်ပြီး သူတို့မေးခွန်းတွေကို မဖြေတဲ့အခါ ခြိမ်းခြောက်တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေကို ဓားတစ်ချောင်း ယူလာခိုင်းတယ်။ ဒီလိုကျူးလွန်ကြတာ ၂ နာရီလောက်ကြာပါတယ်။”လို့ A ကပြောပါတယ်။

A က သူဟာ လက်ရှိအမေရိကန်မှာ နေထိုင်နေတာဖြစ်ပြီး Ahn Gilho ရဲ့ အတိတ်က ဇာတ်လမ်းကို ထုတ်ဖော်ရခြင်းရဲ့ အကြောင်းရင်းကို သူက အခုလို ရှင်းပြပါတယ်။

“တကယ်တော့ တခြားနာမည်ကြီးတွေနဲ့ ကျော်ကြားသူတွေ ကျောင်းတက်တုန်းက အနိုင်ကျင့်ခံရတာကို ထုတ်ဖော်ခံရတဲ့အခါ ကျူးလွန်ခံရသူက နောက်ဆက်တွဲအနေနဲ့ ဒုက္ခရောက်ရတာတွေရှိတယ်။ ငါက ကိုရီးယားမှာ နေတာမဟုတ်တော့ အရမ်းစိတ်မပူပါနဲ့။ ကိုရီးယားမှာရှိနေတဲ့ သူငယ်ချင်းတွေအတွက်ပဲ စိတ်ပူပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကို လူသိရှင်ကြား ထုတ်ဖော်ဖို့ သူတို့ကလည်း သဘောတူထားပါတယ်။”လို့ ဆိုပါတယ်။

“Ahn Gilho က ငြင်းရင် တခြားသူငယ်ချင်းတွေလည်း လာထွက်ဆိုကြလိမ့်မယ်။ သူက တကယ်လို့ ထပ်ငြင်းရင်တော့ တရားဥပဒေအရ အရေးယူဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျနော်တို့ တက်ကြွစွာ တုံ့ပြန်မယ်။ သူ့ဆီက ကျနော်တို့ လိုချင်တာက တရားမျှတမှုကို အကောင်အထည်ဖော်သွားဖို့ပါပဲ။” လို့ A က ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Studio Dragon ထုတ်လုပ်ရေးက “ကျွန်တော်တို့ လောလောဆယ် အချက်အလက်တွေကို စစ်ဆေးနေပါတယ်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Update သတင်းတွေကို ဆက်လက်စောင့်ကြည့်ပေးပါ…

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x