ပရိသတ်တွေ အမျှော်လင့်ထားကြဆုံး TV3 ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်နေတဲ့ “သူရဲ့ကောင်းတို့ချစ်ပုံပြင်” ရဲ့ နောက်ဆက်တွဲ

ပရိသတ်တွေ အမျှော်လင့်ထားကြဆုံး TV3 ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်နေတဲ့ “သူရဲ့ကောင်းတို့ချစ်ပုံပြင်” ရဲ့ နောက်ဆက်တွဲ

လွန်ခဲ့တဲ့ ၁၀ နှစ် အခုလိုအချိန်မျိုးမှာ Thai TV3 က ဇာတ်လမ်းတွဲလောကရဲ့ ဂန္တဝင်ဇာတ်လမ်းတွဲဖြစ်တဲ့ “သူရဲကောင်းတို့ချစ်ပုံပြင်” (Suparburoot Jutathep) ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ယနေ့ ထိုင်းဖျော်ဖြေရေးလောကမှာ နာမည်ကျော် ရေပန်းစားနေကြတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေရဲ့ ပွဲဦးထွက် သရုပ်ဆောင်မှုတွေဖြစ်ခဲ့ပြီး နိုင်ငံတကာထက်ကို ထိုင်းဇာတ်လမ်းတွဲတွေကို ရေပန်းစားအောင် လမ်းဖောက်ပေးခဲ့တဲ့ အထင်ကရ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

ကြည့်ရှုသူများထံမှ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရရှိခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ မင်းသားတွေနဲ့ မင်းသမီးတွေကလည်း ရုပ်မြင်သံကြားမှာ ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးနောက် ချက်ချင်းဆိုသလို ကျော်ကြားလာခဲ့ပါတော့တယ်။

ဆယ်စုနှစ်တစ်ခုအကြာ ယခု ၂၀၂၃ ခုနှစ်မှာလည်း “သူရဲကောင်းတို့ချစ်ပံပြင်” ကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေအဖို့ Thai TV3 က Gulf Kanawut, Kongthap Peak, Kao Noppakao, Tate Myron, Mike Panithan, Saint Suppapong, Meen Nichakoon တို့ ပါဝင်ထားတဲ့ “Suparburoot Jutathep” ရဲ့ နောက်ဆက်တွဲ “The Heart of Tewaprom” ဇာတ်လမ်းတွဲကို ထုတ်လုပ်ဖို့ပြင်ဆင်နေပါပြီ။

“The Heart of Tewaprom” ကတော့ “Suparburoot Jutathep” မှာ ပါဝင်ခဲ့တဲ့ အတွဲတွေရဲ့ သားဖြစ်သူတို့ရဲ့ ဇာတ်လမ်းကို ပြသသွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုလည်း သူရဲကောင်းတို့ချစ်ပုံပြင်တုန်းကလို အတွဲ ၅ တွဲနဲ့ ပြသလာမှာဖြစ်ပြီး “Kwanruethai” နဲ့ “Phon Cheewan” တို့နှစ်တွဲကတော့ ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Kongthap Peak နဲ့ Mint Ranchrawee တို့ရဲ့ အတွဲဖြစ်တဲ့ “Duj Apsorn” ကလည်း ရိုက်ကူးရေးပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

“Laor Jan” နဲ့ “Jai Pisut” တို့ကတော့ Gulf Kanawut နဲ့ Gina Yeena, Tate Myron နဲ့ Oom Eisaya တို့ အတွဲနှစ်တွဲကို မြင်တွေ့သွားရမှာဖြစ်ပြီး ဆက်တိုက်ရိုက်ကူးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x