သူမရဲ့ပွဲဦးထွက် solo သီချင်းကို အားပေးစောင့်မျှော်နေတဲ့ BLINK လေးတို့ကြောင့် အမောပြေခဲ့ရတယ်ဆိုတဲ့ Jisoo

သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် မတိုင်မီမှာတော့ BLACKPINK အဖွဲ့ဝင် Jisoo ဟာ အဆိုပါ debut album လေးနဲ့ပတ်သက်ပြီး Weverse မှာ ချစ်ရတဲ့ BLINK တို့နဲ့အတူ ပျော်ရွှင်စရာအချိန်များကို ကုန်ဆုံးခဲ့ရင်း ခံစားချက်တချို့ကို ပြောပြသွားခဲ့ပါတယ်။
BLACKPINK အဖွဲ့ဝင် Jisoo ဟာ Weverse က BLINK တွေထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ပရိသတ်တွေရဲ့ မေးခွန်းများစွာကိုလည်း အချိန်ပေး ဖြေကြားပေးခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ Jisoo သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်အတွက် စိတ်ခံစားချက်တချို့ကို BLINK တို့ကို ဝေမျှသွားခဲ့ပြီး အထူးသဖြင့် Jisoo ဟာ ဒီ solo debut အတွက် အတော်လေးကြိုးပမ်းထားခဲ့ကြောင့် ပေါ်လွင်နေခဲ့ပါတယ်။
Jisoo က BLINK တို့အနေနဲ့ သူမရဲ့ solo debut ကို အကြာကြီးစောင့်နေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နောက်ဆုံးမှာတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့အရာအတွက် ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Jisoo ဟာ သူမရဲ့ debur အတွက် ပြင်ဆင်မှုလုပ်ငန်းစဉ်အတွင်း အနည်းငယ် ကြောက်လန့်ပြီး စိတ်ပူခဲ့ရကြောင်း ပြောကြားသွားခဲ့သလို BLINK တို့ရဲ့ support တွေနဲ့ စိတ်သက်သာရာရခဲ့ကြောင်း ဝေမျှလို့သွားခဲ့ပါသေးတယ်။
Jisoo ရဲ့ solo debut ဖြစ်တဲ့ “ME” ကတော့ မတ်လ ၃၁ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။