ဧပြီလမှာ comeback ပြုလုပ်မယ့်အကြောင်း SEVENTEEN အဖွဲ့ခေါင်းဆောင်အတည်ပြု

ကမ္ဘာတစ်လွှားက နာမည်ကြီး အနုပညာရှင်အချို့ရဲ့ နှစ်သက်မှုပါ ရရှိထားတဲ့ SEVENTEEN အဖွဲ့ကတော့ လာမယ့် ဧပြီလမှာ comeback ပြုလုပ်တော့မှာဖြစ်ပါတယ်။

ဒီအကြောင်းကို အဖွဲ့ခေါင်းဆောင် S.Coup ကိုယ်တိုင် fan meeting မှာ ပရိသတ်တွေကို surpris အဖြစ် ကြေညာပေးခဲ့တာပါ။

S.Coups က “ကုမ္ပဏီက ဒီအကြောင်းကို fan meeting နောက်ဆုံးနေ့မှာ ထုတ်ပြောဖို့ ပြောထားတာပါ။ ဒါပေမဲ့ ကျွန်တော့ ဆွဲဆောင်မှုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အလိုလို မနာခံတတ်တဲ့ အကျင့်လေးက ရှိနေတယ်။ ကျွန်တော်တို့ ဧပြီလမှာ comeback လုပ်ပါမယ်..” လို့ ကြေညာခဲ့ပါတယ်။

မတ်လ ၁၁ ရက်မှာ Dispatch သတင်းဌာနက PLEDIS Entertainment ကို အတည်ပြုစုံစမ်းချိန်မှာတော့ လာမယ့်လမှာ SEVENTEEN အယ်လ်ဘမ်အသစ်ထုတ်မယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတဘ်။

“SEVENTEEN အဖွဲ့ဝင်တွေက fan meeting အတွက်နဲ့ အယ်လ်ဘမ်သစ်အတွက် တစ်ချိန်တည်း ပြင်ဆင်နေကြပါတယ်။ အယ်လ်ဘမ်အတွက် နောက်ဆုံး အဆင့်ရောက်နေပြီဖြစ်ပြီး သူတို့အားလုံး အခု အလုပ်အရမ်းကြိုးစားလုပ်နေကြပါတယ်”လို့ PLEDIS ရဲ့တာဝန်ရှိသူက ပြောပါတယ်။

SEVENTEEN အဖွဲံဟာ မနှစ်က ဇူလိုင်လမှာ repackaged album တစ်ခုဖြစ်တဲ့ “SECTOR 17” နဲ့ comeback လုပ်ခဲ့ပြီး ဒီနှစ်ထဲမှာတော့ အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x