Kim Sae Rom အချိန်ပိုင်းစားပွဲထိုးခဲ့တယ်ဆိုတာ ပရိသတ်တွေကိုလိမ်ညာခဲ့တာဖြစ်
Kim Sae Rom အချိန်ပိုင်းစားပွဲထိုးခဲ့တယ်ဆိုတာ ပရိသတ်တွေကိုလိမ်ညာခဲ့တာဖြစ်
Mega Coffee ကတော့ မင်းသမီး Kim Sae Ron ဟာ သူတို့ရဲ့ ကုမ္ပဏီအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ပေးခဲ့ဘူးလို့ အခိုင်အမာ ဆိုသွားခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့ထုတ် သတင်းများအရ Mega Coffee ဟာ မင်းသမီးအနေနဲ့ သူတိုါရဲ့ ဆိုင်ခွဲနေရာတွေမှာ အလုပ်လုပ်နေတာမျိုးမရှိခဲ့ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Kim Sae Ron ဟာ နိုင်ငံအတွင်း ဘယ်စတိုးဆိုင်မှာမဆို တရားဝင် အချိန်ပိုင်းဝန်ထမ်းအဖြစ် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ဖူးဘူးလို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
Mega Coffe က သူတို့ဆိုင်ခွဲတစ်ခုမှာ Kim Sae Ron နဲ့ သူငယ်ချင်းဖြစ်တဲ့ အချိန်ပိုင်းဝန်ထမ်းတစ်ယောက်တော့ ရှိပါတယ်လို့ ဆိုခဲ့ပြီး Kim Sae Ron ကတော့ အဲဒီ့မှာ ဝန်ထမ်းအဖြစ် တစ်ခါမှ မလုပ်ဖူးဘူးလို့ ပြောပြသွားပါတယ်။
Mega Coffee မှ Kim Sae Ron ရဲ့ သူငယ်ချင်းဖြစ်သူဟာလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက အလုပ်ထွက်ခဲ့ပြီး အခုအင်တာနက်ပေါ်မှာ ပျံနှံ့နေခဲ့တဲ့ အဆိုပါဓာတ်ပုံများကို မည်သို့ ရိုက်ကူးခဲ့ကြောင်းကိုလည်း မသိရှိပါကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
Mega Coffe က “မှောင်မိုက်တဲ့ မီးဖိုချောင်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေက ကျွန်တော်တို့ဆိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆိုင်တွေမှာ သီးခြားမုန့်ဖုတ်ဖိုလည်း မရှိပါဘူး။” လို့ ဖော်ပြသွားခဲ့ရင်း Kim Sae Ron ဟာ မတ် ၁၁ ရက် မနက်က သူ့ရဲ့ Instagram မှာ Mega Coffee လို့မြင်ရတဲ့ ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာကို ရည်ညွှန်းသွားခဲ့ပါတယ်။
ယခင်က ဖော်ပြခဲ့တဲ့အတိုင်း မင်းသမီးရဲ့ အေဂျင်စီဟာ သူမရဲ့ DUI အမှုအပြီး ငွေကြေးအခက်အခဲကြောင့် ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရကြောင်း အခိုင်အမာဆိုထားခဲ့ပေမဲ့ သူမရဲ့ ပထမဆုံးရုံးတင်စစ်ဆေးမှုအတွက် တောင်ကိုရီးယားရဲ့ ဈေးအကြီးဆုံးရှေ့နေတစ်ဦးကို ငှားရမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်ထားခဲ့တာကြောင့် netizens တွေကတော့ ပန်းနုသွေးနေတယ်လို့ ဝေဖန်နေခဲ့ကြပါပြီ။