လစာမပေးချေတဲ့အတွက် အေဂျင်စီကို တရားစွဲဆိုထားတဲ့ No:ze

လစာမပေးချေတဲ့အတွက် အေဂျင်စီကို တရားစွဲဆိုထားတဲ့ No:ze

Mnet ရဲ့ နာမည်ကြီး အကပြိုင်ပွဲ ‘Street Woman Fighter’ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Dancer No:ze ဟာ သူမရဲ့အေဂျင်စီကို တရားစွဲဆိုထားပါတယ်။

မတ်လ ၉ ရက်နေ့က ထွက်ရှိလာတဲ့ ဥပဒေရေးရာအစီရင်ခံစာအရ No:ze ဟာ သူမရဲ့အေဂျင်စီဖြစ်တဲ့ Starting House ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင်၊ သူမဟာ ဒီတရားစွဲဆိုမှုမပြီးမချင်း အေဂျင်စီနှင့် သီးသန့်စာချုပ်အကျိုးသက်ရောက်မှုကိုလည်း ယာယီဆိုင်းငံ့ထားဖို့ လျှောက်ထားခဲ့သည်။

No:ze ရဲ့ ကိုယ်စားလှယ်က “No:ze က ယမန်နှစ် ဧပြီလကတည်းက အေဂျင်စီထံမှ ငွေပေးချေမှု မရရှိဟာ လအတော်ကြာနေပြီဖြစ်ပါတယ်။ No:ze က အကြိမ်ပေါင်းများစွာ တောင်းခဲ့ပေမယ့် စီမံခန့်ခွဲမှုက နှောင့်နှေးနေခဲ့ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပေးချေဖို့ ပြတ်သားစွာ ငြင်းဆိုခဲ့ပြီး၊ သူမရဲ့လှုပ်ရှားမှုတွေအတွက် ဆွေးနွေးပြီးရင် ပြန်လည်တွက်ချက်ပြီး ထုတ်ပေးမယ်လို့ ပြောလာခဲ့ပါတယ်”လို့ Yonhap News ကို ပြောပါတယ်။

No:ze က စာချုပ်ဖျက်သိမ်းမယ့်အကြောင်း အသိပေးပြီးတဲ့နောက် အေဂျင်စီက သူမကို ပေးချေခဲ့ပါတယ်။ ဒါပေမဲ့ အေဂျင်စီဘက်က စာချုပ်ဖျက်သိမ်းမှုဟာ အကျုံးမဝင်ဘဲ “No:ze ကို အချိန်မီ မပေးဆောင်ရခြင်းမှာ ဥပဒေနဲ့ ကိုက်ညီတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ်” လို့ ဆိုပါတယ်။

မတ် ၈ ရက်က ဆိုးလ်ဗဟိုခရိုင်တရားရုံး၏ နှစ် ၅၀ ပြည့် အရပ်ဘက်အခြေချမှု ကြားနာမှုတွင် ကုမ္ပဏီ၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မနှစ်က No:ze ကြောင့် ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းနေရတဲ့အတွက် ပထမနှစ်ဝက် အမြတ်ခွဲဝေမှုကို အတည်ပြုနိုင်ခဲ့ခြင်းမရှိတာကြောင့် ငွေပေးချေမှု နောက်ကျရခြင်းဖြစ်ပြီး အငြင်းပွားမှုကြောင့် စာချုပ်ရပ်စဲပစ်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပြီး သူမအနေနဲ့ ဒဏ်ငွေအများအပြား ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းပြီးချိန်မှာ သူမကို အပြီးသတ်ငွေပေးချေခဲ့ကြောင်း၊ လှုပ်ရှားမှုများ ပြန်လည်စတင်ဖို့ No:ze ဘက်မှာ လိုအပ်ချက်အများကြီး ရှိခဲ့ပြီး No:ze ကြောင့် စာချုပ်တွေ အများကြီး ပျက်ပြားသွားရကြောင်း အေဂျင်စီဘက်က တရားခွင်မှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အသေးစားနှင့် အလတ်စားကုမ္ပဏီများမှ ကြော်ငြာအတွက် ငွေပေးချေမှု ရပြီးနောက် သိပ်မကြာခင်မှာ ပို့စ်များ ဖျက်ပစ်ခြင်း ဒါမှမဟုတ် ကတိပေးထားတဲ့အတိုင်း content မတင်ပေးတာကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး No:ze ဘက်က ပြန်လည်တောင်းပန်ချက် ထုတ်ပြန်ပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ No:ze ဘက်က အေဂျင်စီဟာ ငွေပမာဏကို နိုင်ထက်စီးနင်း တွက်ချက်ကာ အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ဆိုကာ တရားစွဲဆိုမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x