အချစ်-ဟာသ Drama သစ်လေးမှာ အတူတွဲဖက်သရုပ်ဆောင်သွားကြမယ့် Yoo In Na, Yoon Hyun Min နဲ့ Joo Sang Wook
အချစ်-ဟာသ Drama သစ်လေးမှာ အတူတွဲဖက်သရုပ်ဆောင်သွားကြမယ့် Yoo In Na, Yoon Hyun Min နဲ့ Joo Sang Woo
ENA ရဲ့ အချစ်-ဟာသ ‘Bora! Deborah’ ကတော့ ဇာတ်ညွှန်းဖတ်ပွဲကို ကျင်းပသွားခဲ့ပြီဖြစ်ပြီး ပါဝင်ထားခဲ့တဲ့ သရုပ်ဆောင်လူစာရင်းကြောင့်လည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားခဲ့ပါတယ်။
ENA ဟာ ဒီ rom-com drama လေးအတွက် Yoo In Na, Yoon Hyun Min, Joo Sang Wook, Girl’s Day’s Park Sojin, 2PM’s Hwang Chansung, Kim Ye Ji, iKON’s Koo Junhoe တို့ပါဝင်ထားတဲ့ စိတ်ဖွင်စားဖွယ် cast lineup ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
ဒါရိုက်တာ Lee Tae Gon ရဲ့ လက်ရာဖြစ်တဲ့ ‘Bora! Deborah’ ဟာ နာမည်ကျော် dating coach Deborah နဲ့ အချစ်နဲ့ ရုန်းကန်နေရသူ Soo Hyuk ရဲ့ အချစ်ခရီးလမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။
မင်းသမီး Yoo In Na ကတော့ အဓိကဇာတ်ဆောင် Deborah နေရာမှာ သရုပိဆောင်သွားမှာဖြစ်ပြီး Yeon Bo Ra အဖြစ်လည်း dating coach ပြင်ပဘဝက သရုပ်ကို ဖော်ကျူးသွားမှာပါ။
သူမဟာ အရောင်းရဆုံး အချစ်ဝတ္ထုတွေကို ရေးသားတဲ့ စာရေးဆရာမ Deborah အဖြစ် ကျော်ကြားသူဖြစ်ပြီး ကျော်ကြားတဲ့ dating coach တစ်ယောက်လည်း ဖြစ်ပါတယ်။
မင်းသား Yoon Hyun Min ကတော့ စာအုပ်တိုက်က ဖြန့်ချိရေး စီစဉ်သူ Lee Soo Hyuk အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး သူဟာ တခါတရံမှာ နူးညံ့သိမ်မွေ့ပြီး အမျိုးသမီးများအပေါ် ချစ်ခင်ကြင်နာတတ်သော်လည်း တစ်ခါတစ်ရံ လျစ်လျူရှုကာ အေးစက်စက်ဖြစ်နေတာကြောင့် အချစ်က သူ့အတွက် ခက်ခဲတဲ့အရာ ဖြစ်နေပါတယ်။
တစ်ဖက်မှာလည်း ချစ်ခြင်းမေတ္တာအကြောင်း အကုန်သိတတ်သလို ပြောတတ်တဲ့ Deboeah ကို သူက မကြိုက်နှစ်သက်ပေမယ့် နောက်ပိုင်းမှာတော့ မမျှော်လင့်ဘဲ သူမနဲ့ ပတ်သက်ပြီး သူ့ဘဝရဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ရပါတော့တယ်။
ထိုအချိန်မှာတော့ မင်းသား Joo Sang Wook က Jinri Publishing Company ရဲ့ CEO နဲ့ Lee Soo Hyeok ရဲ့ ရင်းနှီးသောမိတ်ဆွေ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သူ Hang Sang Jin အဖြစ် သရုပ်ဆောင်သွားရမှာဖြစ်ပြီး သူဟာ ဉာဏ်ကောင်းသူ၊ ထက်မြက်သူ၊ ယဉ်ကျေးသိမ်မွေ့သူအဖြစ် လူတိုင်းက ချစ်ခင်နှစ်သက်မှုကို ခံရတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
‘Bora! Deborah ‘ ကိုတော့ ဧပြီလ ၁၂ ရက်နေ့က စတင်ပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။