ဒရာမာတွေခင်းနေတဲ့ မင်းသမီး Kim Sae Rom ကို Netizens တွေ စိတ်ပျက်
ဒရာမာတွေခင်းနေတဲ့ မင်းသမီး Kim Sae Rom ကို Netizens တွေ စိတ်ပျက်
အခုလို အရက်မူးပြီး ကားမောင်းတဲ့ ကိစ္စတွေ မဖြစ်ပွားခင်အချိန်မှာ မင်းသမီး Kim Sae Ron ဟာ တစ်ချိန်က ‘The Nation’s Younger Sister’ အဖြစ် လူသိများခဲ့ပြီး သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုစွမ်းရည်ကြောင့် ချစ်ခင်မြတ်နိုးမှုများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။
‘The Man from Nowhere’ ဇာတ်ကားနဲ့ ပွဲဦးထွက်ပြီးနောက် သူမဟာ တက်သစ်စကြယ်ပွင့်ကလေးသရုပ်ဆောင်အဖြစ်နဲ့ ကျော်ကြားလာခဲ့ပြီး ရုပ်ရှင်နှင့် ဒရမ်မာများစွာမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သူလေး ဖြစ်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ Kim Sae Ron ဟာ ရဲ့ ထူးချွန်ထက်မြက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာဖို့ အလားအလာရှိသူဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိဖြစ်ပေါ်ခဲ့တဲ့ အမှုကိစ္စက သူမအပေါ် ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေခဲ့ပါတယ်။ သူမရဲ့ ကားနဲ့ တိုက်ခန်းတန်ဖိုးတွေပေါ်ထွက်လာပြီးနောက် လျော်ကြေးငွေများကြောင့် ငွေရေးကြေးရေးခက်ခဲနေတယ်ဆိုတဲ့ Kim Saeron ရဲ့ အကြောင်းပြချက်ကိုလည်း ဘယ်သူကမှ မယုံကြည်ခဲ့ကြပါဘူး။
ပိုဆိုးစေတဦက ပထမအကြိမ် တရားခွင်ပြီးနောက်နေ့မှာပဲ သူမဟာ အချိန်ပိုင်းအလုပ် လုပ်နေတဲ့ ပုံတွေကို မျှဝေလာခဲ့တာကြောင့် ပရိသတ်တွေက သူမအပေါ် စိတ်ပျက်မှုတွေ ပိုလို့ တိုးပွားလာခဲ့ပါတယ်။
ဒါ့အပြင် သူမ အချိန်ပိုင်းလုပ်နေတယ်လို့ ပြောဆိုခဲ့တဲ့ Mega Coffee ကလည်း မင်းသမီးအနေနဲ့ သူတို့ရဲ့ ဆိုင်ခွဲတွေမှာ တရားဝင် အချိန်ပိုင်းဝန်ထမ်းအဖြစ် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ဖူးဘူးလို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက မီဒီယာတွေကို တရားဝင် ပြောကြားခဲ့ပါတယ်။
Mega Coffe ရဲ့ဆိုင်ခွဲတစ်ခုမှာ Kim Sae Ron သူငယ်ချင်းဖြစ်တဲ့ အချိန်ပိုင်းဝန်ထမ်းတစ်ယောက်ရှိခဲ့ဖူးပေမဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက သူမအလုပ်ထွက်သွားခဲ့ပြီး Kim Sae Ron ကတော့ အဲဒီ့မှာ တရားဝင် အချိန်ပိုင်း ဝန်ထမ်းအဖြစ် တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။
Kim Saeron ရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီးလည်း Mega Coffe က “ပုံတွေကို ဘယ်လိုမျိုး ရိုက်ကူးခဲ့လဲဆိုတာတော့ မသိပါဘူး။ မှောင်မိုက်တဲ့ မီးဖိုချောင်ထဲက ပုံတွေကတော့ ကျွန်တော်တို့ဆိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆိုင်မှာ သီးခြားမုန့်ဖုတ်ဖိုလည်း မရှိပါဘူး။” လို့ ငြင်းဆိုခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ဈေးအကြီးဆုံး ရှေ့နေကို ငှားရမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာမို့ အမှားလုပ်ပြီး ငြိမ်ငြိမ်မနေတဲ့ မင်းသမီး Kim Saeron ရဲ့ ဒရာမာ မဆန်တဲ့ ဒရာမာတွေကိုတော့ Netizens တွေက တော်တော်လေး ငြီးငွေ့နေကြပါပြီ။
Soya