Penthouse စာရေးဆရာမရဲ့ ကြည့်ရှုမှုနှုန်းအများဆုံး ရရှိနေတဲ့ ဇာတ်ကားသစ် Pandora

Penthouse စာရေးဆရာမရဲ့ ကြည့်ရှုမှုနှုန်းအများဆုံး ရရှိနေတဲ့ ဇာတ်ကားသစ် Pandora

tvN ရုပ်သံလိုင်းရဲ့ ဒရာမာဇာတ်ကားသစ် “Pandora: Beneath the Paradise” ကတော့ စစချင်းမှာပဲ rating အမြင့်တွေရရှိပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါပြီ။

Pandora ဇာတ်ကားထဲမှာ မင်းသမီး Lee Ji Ah က သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝ တကယ်တော့ အခြားသူတစ်ဦးက အစီအစဉ်ချကာ ကြိုးကိုင်ဖန်တီးထားတဲ့ ဆိုးရွားလှတဲ့ အစီအစဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို သိရပြီးတဲ့နောက် ကလဲ့စားချေတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Nielsen Korea ရဲ့ဖော်ပြချက်အရ Pandora ဇာတ်ကားရဲ့ အပိုင်း(၂) ထုတ်လွှင့်ပြခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ နိုင်ငံတစ်ဝန်း ကြည့်ရှုမှုနှုန်း 5.7 ရာခိုင်နှုန်း ရရှိခဲ့ပြီး အပိုင်း (၁) တုန်းကထက် ၀.၈ ရာခိုင်နှုန်းပိုမိုများပြားလာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ထုတ်လွှင့်ပြသမှု တစ်ပတ်ရက်နားထားတဲ့ SBS ရုပ်သံလိုင်းရဲ့ “Taxi Driver 2” ကတော့ ကြည့်ရှုမှုနှုန်း 14.4 ရာခိုင်နှုန်းနဲ့ တစ်ချိန်တည်းထုတ်လွှင့်ပြသတဲ့ ရုပ်သံလှိုင်းများကြား လူကြည့်အများဆုံး ဒရာမာအဖြစ်ရပ်တည်နေပါတယ်။

JTBC ရုပ်သံလိုင်းရဲ့ ဒရာမာကားသစ် “Divorce Attorney Shin” ကတော့ တတိယပိုင်းမှာ တစ်နိုင်ငံလုံးကြည့်ရှုနှုန်း 4.8 ရာခိုင်နှုန်းကို ကျသွားခဲ့ပါတယ်။

KBS 2TV ရုပ်သံလိုင်းရဲ့ “Three Bold Siblings” ကတော့ တစ်နိုင်ငံလုံးကြည့်ရှုနှုန်း 24.3 ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးမှာ ဦးဆောင်နေပါတယ်။

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x