V ရဲ့ပါဝင်မှုကြောင့် ကမ္ဘာ့လူကြည့်အများဆုံး reality show ဖြစ်လာတဲ့ “Jinny’s Kitchen”

V ရဲ့ပါဝင်မှုကြောင့် ကမ္ဘာ့လူကြည့်အများဆုံး reality show ဖြစ်လာတဲ့ “Jinny’s Kitchen’

BTS အဖွဲ့ဝင် V ရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ပြည်တွင်းအောင်မြင်မှုနဲ့ အတူ tvN ရဲ့ အစားအသောက်/ခရီးသွား realitu show အသစ် ‘Jinny’s Kitchen’ ဟာ နိုင်ငံတကာမှာ ရေပန်းစားလာခဲ့ပါတယ်။

‘Jinny’s Kitchen’ (‘Seojin’s Korean Street Food’) ဟာ Amazon ရဲ့ OTT platform Prime Video မှ ကမ္ဘာတစ်ဝှမ်းကို ထုတ်လွှင့်ပြသပေးတဲ့ ပထမဆုံးသော Korean variety show ဖြစ်လာခဲ့ပြီး Amazon တို့ မျက်စိကျခဲ့တာကလည်း show ရဲ အသက်အငယ်ဆုံး သရုပ်ဆောင်အဖွဲ့ဝင် BTS အဖွဲ့ဝင် V ကြောင့်ဖြစ်တယ်လို့ ဆိုထားကြပါတယ်။

‘Jinny’s Kitchen’ ဟာ မူလက Prime Video နိုင်ငံပေါင်း ၁၂ နိုင်ငံမှာသာ ပွဲဦးထွက် ပြသခဲ့ပေမဲ့လည်း ယခုအခါ နိုင်ငံပေါင်း ၅၀ ကျော်မှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပြီး အပတ်တိုင်း နိုင်ငံအသစ်များ ထည့်သွင်းလာတာနဲ့အမျှ show ဟာလည်း ကြည့်ရှုသူတွေရဲ့ အဆင့်သတ်မှတ်ချက်များ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတော့တယ်။

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းရှိ video-on-demand အချက်အလက်များကို ပံ့ပိုးပေးတဲ့ FlixPatrol ရဲ့ ပြောကြားချက်အရ ‘Jinny’s Kitchen’ ဟာ သူ့ရဲ့ တတိယအပိုင်းကို ထုတ်လွှင့်ပြီးနောက် Prime Video ရဲ့ ‘လူကြည့်အများဆုံး ထိပ်တန်း TV Show များ 20’ စာရင်းမှာ နံပါတ် 19 နေရာမှ ပါဝင်လာခဲ့ပါပြီ။

ဒါ့အပြင် ၎င်းဟာ ထိပ်တန်း 20 မှာ ပါဝင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော reality show ဖြစ်ခဲ့ပါတယ်။ ‘Jinny’s Kitchen’ ရဲ့ လာမယ့်အပိုင်းကိုတော့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x