နိုင်ငံတကာရဲ့လူကြိုက်အများဆုံး K-Drama ကြယ်ပွင့် Lee Min Ho

နာမည်ကျော် မင်းသားချော Lee Min Ho ဟာ ကမ္ဘာတစ်ဝှမ်းမှာ အချစ်ရဆုံး K-Pop အနုပညာရှင်များဖြစ်ကြောင်း နောက်ဆုံးရ တောင်ကိုရီးယားအစိုးရ အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး ဖောင်ဒေးရှင်းတို့ဟာ ‘2023 Overseas Hallyu Report’ ဆိုပြီး ထုတ်ပြန်လာခဲ့တာပါ။

အဆိုပါ ထုတ်ပြန်ချက်အရ Lee Min Ho ဟာ ကမ္ဘာ့လူကြိုက်အများဆုံး K-Drama ကြယ်ပွင့်ဖြစ်တယ်လို့ သိရပြီး အစီရင်ခံစာအတွက် အမေရိကန်၊ တရုတ်နဲ့ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အသက် ၁၅ နှစ်မှ ၅၉ နှစ်ကြား ဖြေဆိုသူ ၂၅,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်တမ်းကို ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ အွန်လိုင်းမှာ ပြုလုပ်ခဲ့ပြီး ကိုရီးယားယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများနဲ့ ပတ်သက်တဲ့ မေးခွန်းများကိုလည်း ဝင်ရောက်ဖြေဆိုသူတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

စစ်တမ်းမှာ ပါဝင်သူ 9.1% က Lee Min Ho ကို လက်ရှိအကြိုက်ဆုံး ကိုရီးယားမင်းသားအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ Lee Min Ho အတွက်တော့ ၂၀၁၈ ခုနှစ်ကတည်းက လူကြိုက်အများဆုံး K-Drama star စာရင်းရဲ့ ပထမအဆင့်မှာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x