Instagram မှာ follower သန်း 90 ပြည့်မြောက်သွားတဲ့ ပထမဆုံး K-Pop Idol ဖြစ်လာခဲ့တဲ့ Lisa

မတ်လ ၁၃ ရက်နေ့မှာတော့  BLACKPINK အဖွဲ့ဝင် Lisa ရဲ့ Instagram account ဟာ Follower သန်း 90 ကျော်လွန်သွားခဲ့တဲ့အတွက် Lisa ဟာ အခုလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးသော K-pop Idol ဆိုတဲ့ စံချိန်မှတ်တမ်းသစ်ကိုလည်း ရေးထိုးသွားနိုင်ခဲ့ပါပြီ။

Lisa ဟာ သူမရဲ့ Instagram account ကို ဖွင့်လှစ်အပြီး ၄ နှစ်၊ ၈ လနဲ့ ၂၇ ရက်အတွင်းမှာ ဒီမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Lisa က သူမရဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်များ၊ အံ့သြဖွယ် အကများ၊ ဖက်ရှင်ကျတဲ့ ပုံရိပ်တွေကြောင့် Instagram မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး Idol တွေထဲက တစ်ယောက်ဖြစ်ပြီး သူမရဲ့ post တွေဟာလည်း ကမ္ဘာအနှံ့ ကျော်ကြားမှု ကြီးမားလို့နေပါတယ်။

Lisa ဟာ platform ပေါ်မှာလည်း အလွန် active ဖြစ်သူဖြစ်ပြီး သူမရဲ့ ကမ္ဘာ့ကျော်ကြားမှု အရှိန်အဝါတွေဖြင့် နေ့စဥ်ဘဝနဲ့ လှုပ်ရှားမှုတို့အကြောင်း updates များကိုမကြာခဏ တင်လေ့ရှိသူဖြစ်ကာ ပရိသတ်တွေနဲ့လည်း အပြန်အလှန် ဆက်သွယ်မှုတွေ ရှိထားပါတယ်။

ဒါ့အပြင် Lisa ဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်မျှော်နေကြတဲ့ ကြီးမားတောင့်တင်းတဲ့ worldwide fanbase လည်းရှိနေတဲ့အတွက် K-Pop Idol ထဲမှာ follower အများဆုံးဆိုတဲ့ စံချိန်အပြင် အခုလည်း follower သန်း ၉၀ ပြည့်ကို ပထမဆုံး ပိုင်ဆိုင်နိုင်တဲ့ Idol တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

Congratulations ပါ Lisa ရေ။

Leave a Reply

Your email address will not be published. Required fields are marked *

x