မင်းသမီး Park Shinhye နဲ့ မင်းသား Park Hyungsik တို့ရဲ့ ဒရာမာကားသစ် စတင်ရိုက်ကူး

မင်းသမီး Park Shinhye နဲ့ မင်းသား Park Hyungsik တို့ရဲ့ ဒရာမာကားသစ် စတင်ရိုက်ကူး

မင်းသမီး Park Shin Hye, မင်းသား Park Hyungsik, Yoon Park နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပြီး JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် , ‘Doctor Slump’ ဒရာမာကားသစ်ကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

ဒီဒရာမာဇာတ်ကားဟာ ‘Heirs’ ဒရာမာဇာတ်ကားအပြီး ၁၀ နှစ်ကြာမှာမှ မင်းသား Park Hyungsik နဲ့ Park Shinhye တို့ ပြန်လည်ဆုံတွေ့ရမယ့် ဇာတ်ကားဖြစ်သလို ပတ်ရှင်ဟေး လက်ထပ်ကာ ကလေးမီးဖွားပြီးနောက် ပထမဦးဆုံး ပြန်လည်ရိုက်ကူးတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ လူနှစ်ဦးရဲ့ အမှောင်မိုက်ဆုံး အခြေအနေကို ရင်ဆိုင်နေရချိန်ကို လှည့်ပတ်ရိုက်ကူးထားတာပါ။ ပထမတစ်ဦးကတော့ ခွဲစိတ်မှုအမှားတစ်ခုကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတဲ့ ထိပ်တန်း ပလက်စတစ်ဆာဂျင် Yeo Jung Woo (Park Hyungsik)ပါ။

နောက်တစ်ဦးကတော့ ဆေးရုံက အလုပ်အရမ်းများတဲ့ အလုပ်အချိန်ဇယားအပြင် သူမဘဝက အဓိပ္ပါယ်မရှိဘူးဆိုတာ တစ်ရက်မှာ သဘောပေါက်သွားတဲ့ မေ့ဆေးဆရာဝန် Nam Ha Neul (Park Shin Hye) ပဲဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်ကောင်းတွေဖြစ်တဲ့ Bin Dae Young (Yoon Park) နဲ့ Lee Hong Ran (Gong Sung Ha) တို့ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့ အမှောင်ဆုံးအချိန်တွေကို အသီးသီးဖြတ်ကျော်ပြီး ပျော်ရွှင်မှုကို တစ်ဖန် ပြန်လည်ရှာဖွေကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

‘Doctor Slump’ ကို ယခုနှစ်ထဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ပြသမယ့်အချိန်ကိုတော့ ကြေညာထားခြင်းမရှိသေးပါဘူး။

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x