နှစ်ထပ်ကွမ်း အမှတ်တံဆိပ်သံတမန်လေးဖြစ်လာခဲ့တဲ့ Danielle

NewJeans အဖွဲ့ဟာ ယမန်နှစ်မှာသာ ပွဲဦးထွက်ခဲ့ကြပေမဲ့ အဖွဲ့ဝင်အားလုံးဟာ ကမ္ဘာကျော် ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ သံတမန်တွေဖြစ်နေခဲ့ကြပြီဖြစ်ပြီး အဲဒီအထဲကမှ အဖွဲ့ဝင် Danielle ကတော့ နှစ်ထပ်ကွမ်း အမှတ်တံဆိပ်သံတမန်လေး ဖြစ်လာခဲ့ပါပြီ။

Danielle ဟာ နှစ်ဆန်းပိုင်းကပဲ ကမ္ဘာကျော် အမှတ်တံဆိပ် Burberry ရဲ့ သံတမန် ဖြစ်လာပြီးနောက် Yves Saint Laurent ရဲ့ ပွဲတွေကိုလည်း တစ်ဆက်တည်းမှာ တက်ရောက်ဖြစ်နေခဲ့ပါတယ်။

Danielle ဟာ အမှတ်တံဆိပ်အတွက် ပွဲ တစ်ခုကို တက်ရောက်ခဲ့အပြီးမှာ သူမရဲ့ visual နဲ့ ဆွဲဆောင်မှုတို့ဖြင့် တောက်ပနိုင်ခဲ့တဲ့အတွက် YSL ပွဲများမှ idol ရဲ့ အံ့ဩဖွယ် အသွင်အပြင်များနဲ့ အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာမှုကို ထည့်သွင်းစဉ်းစားကာ YSL ကတော့ သူတို့ရဲ့ အလှအပဆိုင်ရာ သံတမန်အသစ်အဖြစ် Danielle ကို ရွေးချယ်ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

အမှတ်တံဆိပ်နဲ့ သဘောတူညီချက်အတွက် ကြေငြာချက်တစ်ခုနဲ့ Vogue Korea ကလည်း YSL နဲ့ Danielle ရဲ့ ပေါင်းစပ်ပုံရိပ်တွေကို ထုတ်ဖော်ပြသလာခဲ့ပါရာမှာ ပရိသတ်တွေကိုလည်း အံ့အားသင့်စေခဲ့ပါတော့တယ်။

ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင်တော့ Danielle ရဲ့ အံ့မခန်း visual ဟာ YSL နှုတ်ခမ်းနီနဲ့ ရဲရင့်တောက်ပတဲ့ မိတ်ကပ်တို့ကို ဝတ်ဆင်ထားခဲ့ရာမှာ ပိုမိုပြတ်သား လှပလို့နေခဲ့ပြီး YSL လို အမှတ်တံဆိပ်ရဲ့ သံတမန်အဖြစ် သူမဟာ ဘာကြောင့်ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုဖြစ်နေလဲဆိုတာကို ခိုင်ခိုင်မာမာ ဖော်ပြနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x