ပိုင်ဆိုင်မှုဆိုလို့ ကားတစ်စီးတည်းသာကျန်ရှိတော့တယ်ဆိုတဲ့ Kim Sae Ron

ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကကထဲကိုစတင်ရောက်ရှိလာခဲ့ပြီးနောက် ခေါင်းဆောင်မင်းသမီးနေရာကိုတက်လှမ်းနိုင်ခဲ့တဲ့ Kim Sae Ron ဟာဆိုရင် လက်ရှိအချိန်မှာ ပိုင်ဆိုင်မှုဆိုလို့ တခြားအရာတွေမရှိတော့ဘဲ သူမ ယာဉ်တိုက်မှုဖြစ်စဉ်အချိန်တုန်းကမောင်းနှင်ခဲ့တဲ့ ကားတစ်စီးတည်းသာကျန်ရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို သူမရဲ့ပြောရေးဆိုခွင့်ရှိသူ ရှေ့နေမှထုတ်ဖော်ပြောပြလာခဲ့တာဖြစ်ပြီး အဆိုပါရှေ့နေရဲ့စကားအရဆိုရင်တော့ Kim Sae Ron ဟာ သူမရဲ့မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့အတွက် သူမရဲ့ ငွေတွေအားလုံးကို အသုံးပြုခဲ့ရကြောင်းနဲ့ တခြားကြွေးမြှီတွေလည်းရှိနေကြောင်းသိရပါတယ်။

Kim Sae Ron ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက အရက်သောက်ပြီးကားမောင်းနှင်ခဲ့ရာမှာ အသေးစာယာဉ်မတော်တဆမှုတစ်ခုဖြစ်ပေါ်စေခဲ့တဲ့အပြင် ယင်းအမှုအတွက် ပထမဆုံးရုံးချိန်းကိုသွားရောက်ပြီးချိန်မှာလည်း “Mega Coffee” လို့အမည်ရတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်သမားအဖြစ်ဝင်ရောက်လုပ်ကိုင်နေရကြောင်း လိမ်လည်ပြီးပို့စ်တင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အွန်လိုင်းအသုံးပြုသူတွေရဲ့ ဝေဖန်အပြစ်တင်မှုကို ပြင်းထန်စွာရရှိနေတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x