“The Glory” ထဲမှ အင်္ကျီချွတ်လိုက်တဲ့ဇာတ်ဝင်ခန်းကို လူစားမထိုး၊ နည်းပညာအကူအညီမပါဘဲရိုက်ကူးခဲ့တဲ့ Cha Joo Young

“The Glory” ဇာတ်လမ်းတွဲထဲမှာ Choi Hye Jeong ဇာတ်ကောင်နေရာကနေ ပီပြင်စွာသရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးမှုကို ယခင်ကထက်ပိုမိုရရှိခဲ့တဲ့ မင်းသမီး Cha Joo Young ဟာဆိုရင် အခု မတ်လ ၁၀ ရက်နေ့တုန်းကထွက်ရှိလာခဲ့တဲ့ Part -2 (Episode 13) မှာပါဝင်ခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခုကို လူစားမထိုးသလို နည်းပညာအကူအညီလည်းမယူဘဲ ကိုယ်တိုင်ကိုယ်ကျရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဇာတ်ဝင်ခန်းကတော့ Hye Jeong နဲ့ Yeon Jin တို့ အချေအတင်စကားရန်ဖြစ်တဲ့အခန်းမှာ Hye Jeong က သူမဝတ်ဆင်ထားတဲ့ ရှပ်အင်္ကျီကိုစိတ်ဆိုးမာန်ဆိုးနဲ့ချွတ်ပစ်ပြီး Yeon Jin ကို ပစ်ပေါက်လိုက်တဲ့အခန်းပါပဲ။ ဒီအကြောင်းကိုတော့ သူမက မီဒီယာတွေများစွာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံသွားခဲ့တာကိုတွေ့ရပါတယ်။

“ဒီလိုမျိုးပြောပြလို့ရမယ့်နေ့ကို စောင့်နေခဲ့တာပါ … အဲဒီအခန်းကိုရိုက်ဖို့အတွက် ဇာတ်ညွှန်းရေးသူနဲ့ရော ဒါရိုက်တာနဲ့ပါ ကျွန်မ စကားတွေအများကြီးပြောပြီးဆွေးနွေးခဲ့ရပါတယ် … Hye Jeong ဇာတ်ကောင်ကိုသရုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်ပြီးတဲ့အချိန်ကတည်းက ဒီအခန်းပါမယ်ဆိုတာကိုလည်း ကျွန်မ သိခဲ့ပါတယ် … Hye Jeong က သူ ရင်သားပြုပြင်ပြောင်းလဲဖို့အတွက် ခွဲစိတ်မှုလုပ်ထားတယ်ဆိုတာကို အစကတည်းကရှင်းရှင်းလင်းလင်းပြောထားတဲ့သူလေ”

“ဒါပေမဲ့ ကျွန်မကကျတော့ အဲ့ဒီလိုမျိုးမလုပ်ထားတော့ လူတွေက ဒီအခန်းမှာ CG ကိုပဲထည့်သုံးမလား၊ လူစားထိုးမလားဆိုပြီး သိချင်နေခဲ့ကြတာ … ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ခန္ဓာကိုယ်စစ်စစ်ပါ … ဒီလိုပြောရတာတစ်မျိုးတော့ဖြစ်ပေမဲ့ ဒီအကြောင်းကို ကျွန်မ ရှင်းရှင်းလင်းလင်းဖြစ်ချင်ပါတယ် … တကယ်တော့ အဲဒီအခန်းကိုရိုက်ဖို့အတွက် နောက်ထပ်အစားထိုးဖို့လူရော၊ CG ကိုရော ပြင်ဆင်ထားခဲ့ပြီးသားရှင့်”

“ဒါပေမဲ့ Season 2 ထဲမှာ ဇာတ်ရှိန်မြင့်စေတဲ့အကြောင်းတွေ၊ အရေးကြီးတဲ့ဇာတ်ဝင်ခန်းတွေအများကြီးပါတယ်လေ … ကျွန်မရဲ့အင်္ကျီကို အကြောင်းအရင်းမရှိဘဲနဲ့တော့ မချွတ်ပြပါဘူး … ကျွန်မရဲ့ နောက်ကျောပဲပါတဲ့ Jae Joon နဲ့အခန်းမှာဆိုရင်တော့ အဲဒါက လူစားထိုးပြီးရိုက်ခဲ့တာပါ … ဒါပေမဲ့ ဝတ်ထားတဲ့ရှပ်အင်္ကျီကိုချွတ်ပစ်လိုက်တဲ့အခန်းကတော့ အဲဒါ ကျွန်မရဲ့ ခန္ဓာကိုယ်အစစ်ပါပဲ … “လို့ဆိုကာ Cha Joo Young က သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခုအကြောင်းနဲ့ပတ်သက်လို့ ရှင်းလင်းပြောပြသွားခဲ့တာဖြစ်ပါတယ်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x