K-Pop အဖွဲ့ဝင်တွေအချင်းချင်းရဲ့ ဂန္တဝင်အနမ်းခြွေ အခိုက်အတန့်များ

K-Pop အဖွဲ့ဝင်တွေအချင်းချင်းရဲ့ ဂန္တဝင်အနမ်းခြွေ အခိုက်အတန့်များ

ကိုယ်ချစ်ရတဲ့ K-Pop အဖွဲ့ရဲ့ အဖွဲ့ဝင်တွေအချင်းချင်း ဖက်လှဲတကင်း ရင်းနှီးထိတွေ့မှုတွေလောက် ဘယ်အရာက ကိုယ့်ကို စိတ်ကျေနပ်စေနိုင်မှာလဲနော်။ ဒါကြောင့် K-Pop ရဲ့ သမိုင်းမှာ အထင်ကရအဖြစ်ခဲ့ဆုံး အဖွဲ့ဝင်တွေအချင်ချင်း အနမ်းခြွေ အခိုက်အတန့်လေးတွေကို ပြန်လည်ဝေမျှပေးသွားချင်ပါတယ်။

1. Mina နဲ့ Momo

TWICE fansign တစ်ခုမှာတော့ Mina နဲ့ Momo တို့ဟာ Sana ကြောင့် ရုတ်တရက် နမ်းလုနီးပါး ဖြစ်သွားခဲ့ရဖူးပါတယ်။ နှစ်ယောက်သား Pocky ဂိမ်းတစ်ခု ဆော့ကစားနေရင်း အခုလို ONCE တွေကို ရင်ခုန်သံမြန်စေခဲ့တဲ့ အနမ်း အခိုက်အတန့်လေးကို ဖန်တီးမိသွားခဲ့ကြပါတယ်။

2. Sua နဲ့ Siyeon

Pocky ဂိမ်းတစ်ခုမှာ Sua နဲ့ Siyeon (Dreamcatcher) ဟာ ရင်ခုန်စရာ အနမ်းကို မျှဝေခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုများစွာဖြင့် နမ်းလိုက်ကြပြီးနောက်တော့ နှစ်ယောက်စလုံး ဒူးထောက်ကာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာကလည်း ရယ်စရာကောင်းခဲ့ပါတယ်။

3. Lay နဲ့ Sehun

EXO အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Lay နဲ့ Sehun တို့ကလည်း တစ်ချိန်က ဒီကစားနည်းကြောင့်ပဲ ချိုမြိန်တဲ့ အနမ်းတစ်ခုကို မွေးဖွားပေးခဲ့ကြပါတယ်။ အလျင်အမြန် အစာစားနေရတာကြောင့် နှစ်ယောက်သား နှုတ်ခမ်းအချင်းချင်း ထိလိုက်ကြပြီး D.O. တစ်ယောက် ဒီမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရချိန်က မြင်ကွင်းငလည်း legendary ဖြစ်သွားခဲ့ရပါတော့တယ်။

4. Jinhwan နဲ့ Donghyuk

iKON အဖွဲ့ကလည်းပဲ နှုတ်ခမ်းကို အသုံးပြုပြီး ကစားရတဲ့ ကစားနည်းတစ်ခုမှာ iconic kiss တစ်ခုကို ဖန်တီးခဲ့ကြဖူးပါတယ်။ ဖန်တီးရှင်တွေကတော့ Jinhwan နဲ့ Donghyuk တို့ဖြစ်ပြီး နှစ်ယောက်သား နမ်းအပြီးမှာတော့ သူတို့ရဲ့ တုန်လှုပ်ခဲ့မှုတွေကြောင့် ပရိသတ်တွေကို ရယ်မောစေခဲ့ရပါတယ်။

Jackson နဲ့ Jay B

GOT7 မှာလည်း အလားတူ ဖြစ်ရပ်မျိုး တစ်ပုံစံထဲ ဖြစ်ပွားခဲ့ဖူးပြီး Jackson က နှုတ်ခမ်းပေါ်က စာရွက်လေးကို ပစ်ချခဲ့ပြီး Jay B ကို ပြွတ်ပြွတ် လုပ်ခဲ့ပါတော့တယ်။

Jin နဲ့ J-Hope

M-Countdown မှာလည်း BTS အဖွဲ့ဝင်ဖြစ်ကြတဲ့ Jin နဲ့ J-Hope တို့ဟာ အချိန်တိုလေးအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖက်ဖို့ ကြိုးစားခဲ့ကြရမှာ လျင်မြန်တဲ့ လှုပ်ရှားမှုကြောင့် နမ်းမိသလို ဖြစ်သွားခဲ့ရပြီး ရှက်ကိုးရှက်ကန်းတွေ ဖြစ်ကုန်ခဲ့ကြရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x