ပရိသတ်တွေရဲ့ အချစ်ဆုံးကိုရီးယားမင်းသမီးအဖြစ် သတ်မှတ်ခံထားရတဲ့ Song Hye Kyo

လက်ရှိအချိန်မှာ ‘The Glory’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီး Song Hye Kyo ဟာဆိုရင် Korean Foundation for International Cultural Exchange (KOFICE) မှပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုအရ ပရိသတ်တွေရဲ့ အချစ်ဆုံးကိုရီးယားမင်းသမီးအဖြစ် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါစစ်တမ်းကောက်ယူမှုမှာဆိုရင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လူပေါင်း ၂၅၀၀၀ က ပါဝင်မဲပေးရွေးချယ်ခဲ့တာကိုတွေ့ရပြီး Song Hye Kyo ကတော့ ဒီလိုရွေးချယ်ခံရတဲ့ အနုပညာရှင်တွေထဲမှာ ထိပ်ဆုံးနေရာကိုရရှိခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် သူမဟာ ကမ္ဘာတစ်ဝှမ်း နာမည်အကြီးဆုံးသောကိုရီးယားအနုပညာရှင်စာရင်းမှာလည်း တခြားသရုပ်ဆောင်မင်းသားတွေနဲ့အပြိုင်ပါဝင်နေတဲ့ တစ်ဦးတည်းသောသရုပ်ဆောင်မင်းသမီးဖြစ်သလို ယင်းစာရင်းမှာဆိုရင်တော့ မင်းသားက Lee Min Ho က ထိပ်ဆုံးကနေရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Gong Yoo, Hyun Bin, Song Hye Kyo နဲ့ Lee Jong Suk တို့က အစဉ်လိုက်တိုင်းအသီးသီးရပ်တည်နေရာယူထားကြပြီး ပရိသတ်တွေကတော့ Song Hye Kyo တစ်ယောက် တိုင်းတစ်ပါးမှာ ယခင်ကထက်ပိုမိုအောင်မြင်လာတဲ့အကြောင်းအရင်းက “The Glory” ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။

Ref : KDramaStars
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x