Seoul Fashion Week မှာ သူတို့ကလေးတွေနဲ့ အမိုက်စားပွဲတက်လာခဲ့တဲ့ မေမေမင်းသမီးနှစ်ယောက်
Seoul Fashion Week မှာ သူတို့ကလေးတွေနဲ့ အမိုက်စားပွဲတက်လာခဲ့တဲ့ မေမေမင်းသမီးနှစ်ယောက်
2023 F/W Seoul Fashion Week ကို ဆိုးလ်မြို့ရှိ Dongdaemun Design Plaza (DDP) မှာ မတ်လ ၁၆ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲမှာတော့ နာမည်ကျော် မင်းသမီးတွေဖြစ်ကြတဲ့ Kang So Ra.l, Myung Se Bin, Park Sol Mi, Lee Jung Hyun, Yoo In Young, Eugene နဲ့ Chae Rim တို့က တက်ရောက်ခဲ့ကြပါတယ်။
အထူးသဖြင့် Chae Rim နဲ့ Eugene တို့ နှစ်ယောက်သားကတော့ သူတို့ရဲ့ သားသမီးလေးတွေရဲ့ လက်ကိုဆုပ်ကိုင်ရင်း သတင်းထောက်တွေရှေ့မှာ ချစ်စဖွယ် ပို့စ်တွေပေးသွားခဲ့ကြပါတယ်။
Chae Rim ကတော့ တရုတ်မင်းသား Gao Ziqi နဲ့ 2013 ခုနှစ်ထွက် တရုတ် CCTV ဒရာမာ “The Lee Family” မှာ တွေ့ဆုံခဲ့ပြီး 2014 ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့တာပါ။
လက်ထပ်ပြီး သုံးနှစ်ကြာပြီးနောက် 2017 ခုနှစ် ဒီဇင်ဘာလမှာတော့ သူမဟာ သားတစ်ယောက် ပိုင်ဆိုင်ခဲ့ပေမယ့် သူတို့နှစ်ဦးဟာ 2020 ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ကွာရှင်းပြီးနောက်မှာတော့ Chae Rim ဟာ သူမရဲ့သားလေးကို Korea မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်ပြီး MC နဲ့ မင်းသမီးအဖြစ် လုပ်ဆောင်နေပါတယ်။
Eugene ကလည်း မင်းသား Ki Tae Young နဲ့ 2009 ခုနှစ်ထွက် MBC drama “Creating Destiny” မှာ တွေ့ဆုံခဲ့ပြီး 2011 ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ထို့နောက် သူမဟာ 2015 ခုနှစ်မှာ သူမရဲပ အကြီးဆုံးသမီး Ro Hee နဲ့ 2018 ခုနှစ်မှာ ဒုတိယသမီးလေး Ro Rin ကို မွေးဖွားခဲ့ပါတယ်။