ဇာတ်လမ်းမရိုက်ခင်ကတည်းက အပြင်မှာတွဲဖက်ညီ chemistry မိနေကြတဲ့ Song Hye Kyo နဲ့ Han So Hee

ဇာတ်လမ်းမရိုက်ခင်ကတည်းက အပြင်မှာတွဲဖက်ညီ chemistry မိနေကြတဲ့ Song Hye Kyo နဲ့ Han So Hee

လတ်တလောမှာပဲ Han So Hee ဟာ Song Hye Kyo ကို ချစ်ခင်ကြောင်းဖော်ပြတဲ့အနေနဲ့ Song Hye Kyo ရဲ့ Instagram ပို့စ်တွေမှာ “အခုတော့ သူမက ကျွန်မအပိုင်း” နဲ့ “ကျွန်မလည်း ဒီမှာဓာတ်ပုံရိုက်ဖူးတယ်” အစရှိတဲ့ comment တွေ ရေးသွားခဲ့ပါသေးတယ်။

မတ်လ ၁၆ ရက်နေ့မှာပဲ နာမည်ကျော် မင်းသမီးနှစ်ယောက်ဟာ “The Price of Confession” ဆိုတဲ့ Drama သစ်မှ အတူတူပါဝင်သွားကြမှာဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်လို့ Han So Hee ရဲ့ အခုလို ချစ်စရာ comment လေးတွေက သူတို့နှစ်ယောက်ကြားက chemistry တွေအတွက် ပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေကို မြင့်တက်လာစေခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့ နောက်ပိုင်းမှာတော့ Song Hye Kyo က Han So Hee ရဲ့ comment ကို “နောက်တစ်ခါ အတူတူ ဓာတ်ပုံရိုက်ကြရအောင်!!!!” လို့ reply ပြန်လာခဲ့တဲ့အတွက် ပရိသတ်တွေကလည်း မင်းသမီးနှစ်ယောက်ရဲ့ စီစီ-ဂျူဂျူ ဆက်ဆံရေးလေးကို အရမ်းတွေ နှစ်သက်ခဲ့ကြပါတယ်။

ဒါ့အပြင် တော်တော်များများက မင်းသမီးချော နှစ်ယောက်ကို ဓါတ်ပုံအတူတူရိုက်ပြီး မကြာခင်မှာ တင်ပေးသွားဖို့ တောင်းဆိုမှုတွေရှိနေပြီး သူတို့ရဲ့ အပြန်အလှန်ပြောဆိုမှုကိုလည်း “ချစ်စရာကောင်းတယ်” ဆိုပြီး ဖော်ပြထားခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ Song Hye Kyo နဲ့ Han So Hee တို့ အတူတွဲဖက် သရုပ်ဆောင်သွားရမယ့် “The Price of Confession” ဟာ လူသတ်မှုတစ်ခုမှာ အမျိုးသမီးနှစ်ဦး ပါ၀င်ပတ်သက်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ Song Hye Kyo က အနုပညာဆရာမ Ahn Yoon Soo အဖြစ် သရုပ်ဆောင်ထားပြီး မတော်တဆ လူသတ်မှုတစ်ခုနဲ့ ရောယှက်မိတဲ့အခါ ဘဝက လုံးဝပြောင်းလဲသွားပုံကို မြင်တွေ့သွားရမှာပါ။

တစ်ချိန်တည်းမှာပဲ Han So Hee က လူမှုဆက်ဆံရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသူ Mo Eun လို့ အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x