သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားချက်တွေကို ငြင်းဆန်ထားကြတဲ့ K-Pop Idol များ

သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားချက်တွေကို ငြင်းဆန်ထားကြတဲ့ K-Pop Idol များ

လက်ရှိဖျော်ဖြေရေးလောကထဲမှာ idol အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ အောင်မြင်ကျော်ကြားနေသူတွေ အမြောက်အများရှိလို့နေပါတယ်။ လက်ရှိချိန်မှာလည်း idol ဘဝကနေ သရုပ်ဆောင်ဘဝကိုပါ ထပ်မံတိုးချဲ့ဖို့ ပြင်ဆင်နေကြတဲ့ idol တွေလည်းရှိပေမဲ့ အခုဖော်ပြပေးသွားမယ့် idol လေးတွေကတော့ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တွေ လက်ခံထားခဲ့ရပေမဲ့ ငြင်းပယ်ခဲ့ကြသူလေးတွေဖြစ်ပါတယ်။

Haechan

NCT အဖွဲ့ဝင်လေး Haechan ဟာ သူ့ရဲ့ထူးခြားကောင်းမွန်လှတဲ့ အသံကြောင့် နာမည်ကျော်ကြားသူလေးဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ချောမောလွန်းတဲ့ရုပ်ရည်ကြောင့် သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားချက်တွေရှိနေပေမဲ့လည်း Haechan ကတော့ လက်ရှိမှာ idol ဘဝကိုသာ အာရုံစိုက်ပြီးကြိုးစားချင်သေးတာကြောင့် ကမ်းလှမ်းချက်တွေကို ငြင်းပယ်ထားခဲ့သူပါ။

Naeun

Apink အဖွဲ့ဝင်ဟောင်း Naeun ကတော့ သူမရဲ့မင်းသမီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ visual နဲ့ အလှတရားတွေကြောင့် သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းချက်တွေကို ပွဲဦးထွက်ကတည်းက ပိုင်ဆိုင်ထားခဲ့သူပါ။ Naeun ဟာ မင်းသမီးအဖြစ်နဲ့လည်း Apink နဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှသာ ပွဲဦးထွက်ခဲ့သူဖြစ်ပေမဲ့ သူမရဲ့သရုပ်ဆောင် အရည်အချင်းတွေကိုလည်း ဒါရိုက်တာအများစုရဲ့ သဘောကျနေကြတာကြောင့် Apink အဖွဲ့ကနေ ထွက်ခွာခဲ့ပါတော့တယ်။

Jin

သရုပ်ဆောင်ကျောင်းဆင်းဖြစ်သလို သူ့ရဲ့ချောမောခန့်ညာတဲ့ရုပ်ရည်မျိုးဟာ သရုပ်ဆောင်လောကအတွက်တော့ အဖိုးတန်အရာတစ်ခုဖြစ်လို့နေတာပါ။ Jin ကို သဘောကျနေတဲ့ နာမည်ကျော်ဒါရိုက်တာတွေဟာလည်း များစွာရှိလို့နေပြီး Jin ကတော့ BTS အဖွဲ့မှာ အောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက်သွားချင်နေတာကြောင့် နောင်တစ်ချိန်မှသာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာနိုင်ချေရှိပါတယ်။

BamBam

ထိုင်းနိုင်ငံရဲ့ဂုဏ်ဆောင် idol လေးဖြစ်တဲ့ BamBam ဟာတော့ သရုပ်ဆောင်လောကနဲ့ မစိမ်းတဲ့သူလေးပါ။ ငယ်စဥ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ပြည်တွင်းကြော်ငြာတွေနဲ့ ဟောင်ကောင်ရုပ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးသလို GOT7 နဲ့ debut ခဲ့ချိန်မှာလည်း အဖွဲ့ရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ “Dream Knight” မှာ ပါဝင်သရုပ်ဆောင်ဖူးခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံတွေနဲ့ သူ့ရဲ့အရည်အချင်းတွေကို ပြည်တွင်း၊ ပြည်ပ ဒါရိုက်တာတွေက သဘောကျနေကြပေမဲ့ BamBam ကတော့ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းကို စိတ်တိုင်းမကျသေးတာကြောင့် ကမ်းလှမ်းချက်တွေကို ငြင်းဆန်ထားဆဲပါပဲ။

Source: Koreaboo
Written: Iroshi
Photos: Instagram

Leave a Reply

Your email address will not be published. Required fields are marked *