“Yet To Come” နဲ့အတူ ဒုတိယမြောက် Music Show Win ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ BTS

“Yet To Come” နဲ့အတူ ဒုတိယမြောက် Music Show Win ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ BTS

BTS တို့ဟာ သူတို့ရဲ့ comeback album “PROOF” လေးထဲက title track “Yet To Come (The Most Beautiful Moment)” နဲ့အတူ ဒုတိယမြောက် music show win ကို ပိုင်ဆိုင်လို့သွားခဲ့ပါပြီနော်။ BTS ဟာ ပြီးခဲ့တဲနေ့ကလည်း ဒီသီချင်းလေးနဲ့ “Show Champion” မှာ ပထမဆုံး win ကို ပိုင်ဆိုင်ထားခဲ့တာပါ။

အခုတစ်ခါမှာလည်း M Countdown မှာ “Yet To Come” က No. 1 နေရာကို ထပ်မံသိမ်းပိုက်သွားခဲ့တာကြောင့် winner ဖြစ်သွားခဲ့တဲ့ BTS တို့ဟာ သူတို့ရဲ့သီချင်းအသစ်လေးနဲ့အတူ music show win ၂ ကြိမ်တိတိကို စုဆောင်းလို့ထားနိုင်ခဲ့ပါပြီ။

ဇွန်လ ၁၆ ရက်နေ့က Mnet ရဲ့ “M Countdown” မှာတော့ BTS ရဲ့ “Yet To Come” ဟာ SEVENTEEN ရဲ့ “Hot” နဲ့ ပထမနေရာအတွက် ယှဥ်ပြိုင်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ 10,333 points နဲ့ BTS ဟာ ဒီတစ်ပါတ်အတွက် winner ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတော့တယ်။

ဒါ့အပြင် ဒီတစ်ပါရဲ့ performers စာရင်းမှာလည်း BTS ပါဝင်လာခဲ့ပြီး ARMY လေးတို့အနေနဲ့လည်း music show တွေမှာ မဖျော်ဖြေခဲ့တာကြာပြီဖြစ်တဲ့ ကောင်လေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့ သီချင်းအသစ်လေးတွေဖြစ်ကြတဲ့ “For Youth” နဲ့ “Yet To Come” တို့ရဲ့ live performance ကို ခံစားကြည့်ရှုခဲ့ရတာကြောင့် winner BTS နဲ့ထပ်တူ ပျော်ရွှင်ကျေနပ်နေကြမှာ အသေအချာပါပဲ။

Source: Soompi
Written: Iroshi
Photos: Soompi

Leave a Reply

Your email address will not be published. Required fields are marked *