HBO ရဲ့ “The Idol” series မှာ ပါဝင်သရုပ်ဆောင်သွားရမယ့် Jennie
HBO ရဲ့ “The Idol” series မှာ ပါဝင်သရုပ်ဆောင်သွားရမယ့် Jennie
ယနေ့ထွက်ရှိလာတဲ့ TV Daily ရဲ့ သတင်းတွေအရ BLACKPINK အဖွဲ့ဝင် Jennie ဟာ HBO ရဲ့ “The Idol” series မှာ ပါဝင်သရုပ်ဆောင်သွားဖို့ လက်ခံလိုက်ပြီလို့သိရပါတယ်။
“The Idol” series ကတော့ pop idol တွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ series တစ်ခုဖြစ်ပြီး ကမ္ဘာကျော်အဆိုတော် The Weekend နဲ့ “Euphoria” ဒါရိုက်တာ Sam Levinson တို့က တာထုတ်လွှင့်လျက်ရှိပြီး ဒါရိုက်တာအပိုင်းမှာလည်း တာဝန်ယူထားကြသလို မင်းသမီးချော Lily Rose Depp နဲ့ နာမည်ကျော်အဆိုတော် Troye Sivan တို့ကလည်း ပါဝင်ထားလို့ Lineup ကိုကြည့်မယ်ဆိုရင်တော့ တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ပဲ ဖွဲ့စည်းထားခဲ့တာပါ။
Jennie ဟာ “The Idol” မှာ ဘယ်ဇာတ်ကောင်ကို သရုပ်ဆောင်သွားရမလဲဆိုတာကိုတော့ မသိရှိရသေးပေမဲ့ cameo ပိုင်းလည်းဖြစ်နိုင်သလို ဇာတ်ပို့နေရာအထိလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေကြပါတယ်။ Jennie ဟာ “The Idol” အတွက် ဇာတ်ဝင်ခန်းရိုက်ကူးမှုတွေကိုလည်း အခုချိန်မှာ ပြုလုပ်နေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
မနှစ်က နှစ်ကုန်ခါနီးလောက်မှာလည်း Jennie ဟာ The Weekend နဲ့ ညစာအတူတူစားခဲ့တာကြောင့် ကမ္ဘာ့မီဒီယာတွေထက်မှာ ခေါင်းစီးပိုင်းအဖြစ် viral ဖြစ်ခဲ့ဖူးတာကြောင့် သူတို့နှစ်ယောက်ကြားမှာလည်း ရင်းနှီးတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြပါတယ်။ တစ်ဖက်မှာလည်း Jennie ရဲ့ BLACKPINK အဖွဲ့ဟာ ၂ နှစ်အကြာမှာတော့ ၂၀၂၂ ဒုတိယနှစ်ဝက်ပိုင်းမှာ comeback လာတော့မယ်လို့ သိရပါတယ်။
Source: Kbizoom
Written: Iroshi
Photos: HBO