ဇွန်လ ၂၄ ရက်နေ့မှာ နားထောင်သွားရနိုင်တဲ့ Charlie Puth နဲ့ Jungkook တို့ရဲ့သီချင်းသစ်လေး
ဇွန်လ ၂၄ ရက်နေ့မှာ နားထောင်သွားရနိုင်တဲ့ Charlie Puth နဲ့ Jungkook တို့ရဲ့သီချင်းသစ်လေး
ဒိတ်ဒိတ်ကြဲ ပရိသတ်အချစ်တော်နှစ်ယောက်ဖြစ်တဲ့ Charlie Puth နဲ့ Jungkook တို့ရဲ့ အမိုက်စား collaboration လေးကိုတော့ မကြာမီအချိန်မှာ ရှုစားနားဆင်သွားရပါတော့မယ်နော်။
ဇွန်လ ၁၆ ရက်နေ့မှာ Chalie Puth က သူ့ရဲ့ official TikTok account လေးကနေတစ်ဆင့် သီချင်းသစ်လေး “Left and Right” ကို Jungkook နဲ့ တွဲဖက်ဖန်တီးထားခဲ့ကြောင်း ကြေငြာသွားခဲ့ပြီး သူ့ရဲ့ album သစ်လေး “Charlie” မှာ ပါဝင်ထည့်သွင်းသွားမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
Charlie Puth ဟာ Jungkook နဲ့ ၂၀၁၈ က ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ MBC Plus X Genie Music Awards မှာလည်း အတူတူ collab လုပ်ရင်း ဖျော်ဖြေဖူးခဲ့ကြတာပါ။ TikTok video လေးမှာတော့ Charlie ဟာ Jungkook ကို သီချင်းမှာပါဝင်တဲ့ လိုင်းအမျိုးမျိုးကို ကြိုးစားသီဆိုခိုင်းနေခဲ့ရင်း “ဒီသီချင်းဟာ အမိုက်စားဖြစ်လာမယ်” လို့ ပရိသတ်တွေကို အာမခံသွားခဲ့တာပါ။
အမေရိကန်အဆိုတော်ကတော့ video ရဲ့ caption လေးမှာ “ကျွန်တော့်ရဲ့ video လေး pre-saves 500,000 ပြည့်သွားရင် ဇွန်လ ၂၄ ရက်နေ့မှာ ဒှသီချင်းသစ်လေးကို release သွားမယ်” လို့ ပြောကြားသွားခဲ့တာကြောင့် ARMY ထုကြီးတွေရဲ့ အင်အားနဲ့ 500,000 pre-saves က သေချာနေခဲ့ပြီမလို့ ဇွန်လ ၂၄ ရက်နေ့မှာပဲ Charlie Puth နဲ့ Jungkook တို့ရဲ့ “Left and Right” ကို နားထောင်သွားရဖို့ရှိနေခဲ့ပါပြီနော်။
Source: Soompi
Written: Iroshi
Photos: MBC