ထိုင်းအနုပညာလောကရဲ့ ကပြားသွေးနှော မင်းသမီးချောလေးများ

ထိုင်းအနုပညာလောကရဲ့ ကပြားသွေးနှော မင်းသမီးချောလေးများ

အရှေ့တောင် အာရှမှာသာမကပဲ ကမ္ဘာ့အတိုင်းအတာထိ entertainment ပိုင်းနဲ့ ထိုးဖောက်ထားနိုင်တဲ့ ထိုင်းအနုပညာလောကဟာ အရည်အချင်းရှိတဲ့ မင်းသား၊ မင်းသမီးတွေလည်း အမြောက်အမြား ပိုင်ဆိုင်ထားတာပါ။ အဲ့ဒီအထဲကမှ နိုင်ငံခြားသွေးနှောတဲ့ ကပြားရုပ်အဆင်းလေးတွေနဲ့ ပရိသတ်တွေကို ကြွေဆင်းစေခဲ့ကြတဲ့ ကပြားသွေးနှော မင်းသားချောလေးတွေကို မနေ့က ဖော်ပြခဲ့ပြီးပြီဖြစ်သလို ဒီနေ့မှာတော့ မင်းသမီးချောလေးတွေကို မင်မင်က ဆက်လက် ဖော်ပြပေးသွားပါမယ်နော်။

Sammy Cowell (Thai-British)

နှာတံပေါ်ပေါ်နဲ့ ဘိုမလေးလို လှပဲတဲ့ ရုပ်ဆင်းအင်္ဂါလေးနဲ့ မင်းသမီးချော Sammy Cowell ဟာ ဗြိတိသျှသွေးနှော ထိုင်းလူမျိုးတစ်ယောက်ပါ။

Matt Peranee (Thai – Norwegian)

ပရိသတ်တွေနဲ့ ဝေးကွာနေတာ ကြာမြင့်နေပီဖြစ်တဲ့ မင်းသမီး Matt Peranee ကလည်း ထိုင်း-နော်ဝေး သွေးနှောလူမျိုးဖြစ်ပါတယ်။

Rita Sririta (Thai – Danish)

မင်းသမီး Rita Sririta ကိုလည်း လက်ထပ်ပြီးနောက်မှာ အနုပညာအလုပ်တွေနဲ့ မမြင်တွေ့ရတာ ကြာပါပြီနော်။ သူမဟာလည်း ထိုင်း-ဒိန်းမတ် ကပြားမလေးဖြစ်ပါတယ်။

Margie Rasri (Thai – Spanish)

မကြာသေးခင်ကမှ comeback လာခဲ့တဲ့ မင်းသမီး Margie Rasri ကတော့ ထိုင်း-စပိန် သွေးနှောလူမျိုးဖြစ်ပါတယ်။

Poo Praya Lundberg (Thai – Swedish)

အလွတ်တန်း မင်းသမီးတစ်လက်အဖြစ် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတဲ့ မင်းသမီးချော Poo Praya Lundberg ဟာဆိုရင်လည်း ထိုင်းနဲ့ ဆွီဒင် ရောစပ်ထားတဲ့ ကပြားလူမျိုးလေးပါ။

Chompoo A. Hargate (Thai – American)

ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်တဲ့ ပရိသတ်အချစ်တော် Chompoo ကတော့ အမေရိကန်သွေးတစ်ဝက်၊ ထိုင်းသွေးတစ်ဝက် ရောစပ်ထားတဲ့ ကပြားမင်းသမီးလေးပါနော်။

Kimmy Kimberley Anne Woltemas (Thai – German)

ဥရောပရဲ့ အလှပဆုံး မျက်နှာအစိတ်အပိုင်းတွေကို visual မှာ ပိုင်ဆိုင်ထားခဲ့တဲ့ မိန်းမလှလေး Kimmy Kimberley ဟာလည်း ထိုင်း-ဂျာမန် သွေးနှော ကပြားမလေးပါနော်။

Mai Davika Hoorne (Thai – Belgian)

Miss Universe လို အလှအပမျိုးနဲ့ ပရိသတ်တွေကို အချစ်ပိုစေခဲ့တဲ့ ထိပ်တန်းမင်းသမီးလေး Mai Davika ကတော့ ထိုင်းနဲ့ ဘယ်လ်ဂျီယံ ရောစပ်ထားတဲ့ ကပြားမလေးပါပဲ။

Bella Ranee (Thai – British)

ဆယ်စုနှစ် တစ်နှစ်အကြာလောက် ပရိသတ်အချစ်တော် ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်လာခဲ့တဲ့ Bella Ranee ကလည်း ထိုင်းလူမျိုးနဲ့ ဗြိတိသျှလူမျိုး တစ်ဝက်စီ ရောယှက်ထားတဲ့ ကပြားလေးပါ။

Urassaya Sperbund (Thai – Norwegian)

နောက်ထပ် ထိုင်းနိုင်ငံရဲ့ ဂုဏ်ဆောင် တန်ကြေးအမြင့်မားဆုံးသော မင်းသမီးချောလေး Yaya Urassaya ကတော့ ထိုင်း-နော်ဝေး သွေးနှော ကပြားမလေးပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.