အနုပညာကြေး အမြင့်မားဆုံးရရှိနေကြတဲ့ ကိုရီးယားမင်းသား (၁၀) ယောက်
အနုပညာကြေး အမြင့်မားဆုံးရရှိနေကြတဲ့ ကိုရီးယားမင်းသား (၁၀) ယောက်
10. Ji Chang Wook
Ji Chang Wook ဟာ scene တစ်ခုရိုက်ကူးတိုင်း ဒေါ်လာ ၄၂,၀၀၀ ရရှိနေပြီး ကိုရီးယားရဲ့ အနုပညာကြေး အမြင့်မားဆုံးရရှိနေတဲ့ မင်းသားတွေထဲမှာ နံပါတ် (၆) နေရာနဲ့ ပါဝင်လာခဲ့တယ်။ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ji Chang Wook ကတော့ ၂၀၁၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Smile Again drama နဲ့အတူ နာမည်ကျော်ကြားလာခဲ့ပြီး drama ပေါင်း (၁၉) ခုနဲ့ movie ပေါင်း (၇) ခု ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။ Healer ကတော့ သူအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ drama တစ်ခုဖြစ်ပါတယ်။
9. Song Joong Ki
Song Joong Ki ကတော့ scene တစ်ခန်းကို ဒေါ်လာ ၅၃,၀၀၀ ရရှိနေပြီး ကိုရီးယားရဲ့ အနုပညာကြေး အမြင့်မားဆုံးရရှိနေတဲ့ မင်းသားစာရင်းမှာ နံပါတ် (၅) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာသက်တမ်းအားဖြင့်လည်း ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်ပါတယ်။ ၂၀၁၀ မှာ ရိုက်ကူးခဲ့တဲ့ Sungkyunkwan Scandal နဲ့အတူ နာမည်ရလာခဲ့ပြီး Running Man TV Show ရဲ့ original cast member တစ်ဦးလည်းဖြစ်ပါတယ်။ Descendants of the Sun နဲ့ စံချိန်တင် အောင်မြင်မှုတွေရရှိခဲ့တဲ့ Song Joong Ki ဟာ ယခုချိန်ထိ Drama ပေါင်း (၁၇) ခုနဲ့ Movie ပေါင်း (၁၁) ခု ရိုက်ကူးခဲ့ပြီးပါပြီ။
8. Lee Jong Suk
စတုတ္ထအများဆုံးအဖြစ် ရပ်တည်နေခဲ့တဲ့ Lee Jong Suk ကတော့ scene တစ်ခန်းရိုက်ကူးခ ဒေါ်လာ ၅၀,၃၀၀ ရရှိနေပါတယ်။ အသက် (၃၂) ရှိပြီဖြစ်တဲ့ Lee Jong Suk ဟာ ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပြီး သရုပ်မဆောင်ခင်က rapper တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ နှစ်မှာ School 2013 ဆိုတဲ့ drama နဲ့ နာမည်ကျော်ကြားလာခဲ့ပြီး လက်ရှိ drama ပေါင်း (၁၇) ခုနဲ့ movie ပေါင်း (၈) ခုထိ ရိုက်ကူးခဲ့ပြီးပါပြီ။ While You Were Sleeping ကတော့ သူ့ရဲ့အအောင်မြင်ဆုံးသော drama တစ်ခုဖြစ်ခဲ့ပါတယ်။
7. Yoo Ah In
Yoo Ah In ကတော့ scene တစ်ခုရိုက်ကူးတိုင်း ဒေါ်လာ ၅၈,၇၀၀ ရရှိနေပြီး တတိယအများဆုံး ရရှိနေတဲ့ မင်းသားတစ်လက်ပါ။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၁၁ မှာ ရိုက်ကူးခဲ့တဲ့ Punch ဆိုတဲ့ ဇာတ်ကားနဲ့အတူ နာမည်ရလာခဲ့ပြီး ၂၀၁၄ မှာ ရိုက်ကူးခဲ့တဲ့ Secret Love Affair drama မှာတော့ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိချိန်ထိ Chicago Typewriter ကတော့ သူ့ရဲ့အအောင်မြင်ဆုံး drama တစ်ခုဖြစ်ခဲ့ပါတယ်။
6. Lee Min Ho
Lee Min Ho ကတော့ scene တစ်ခန်းရိုက်ကူးခ ဒေါ်လာ ၅၈,၇၀၀ နဲ့အတူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်ပြီး Boys Over Flowers drama နဲ့အတူ စတင်နာမည်ကျော်ကြားလာခဲ့တာပါ။ လက်ရှိချိန်ထိ drama ပေါင်း (၁၇) ခုနဲ့ movie ပေါင်း (၆) ခု ရိုက်ကူးခဲ့ပြီးပါပြီ။ အအောင်မြင်ဆုံး drama ကတော့ The King: Eternal Monarch ဖြစ်ခဲ့ပါတယ်။
5. Lee Seung Gi
နောက်ထပ် အနုပညာကြေး တတိယအများဆုံး ရရှိနေတဲ့ မင်းသားကတော့ အသက် (၃၅) နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lee Seung Gi ဖြစ်ပြီး scene တစ်ခန်းရိုက်ကူးတိုင်း ဒေါ်လာ ၅၈,၇၀၀ ရရှိနေပါတယ်။ မင်းသားတွေထဲမှာလည်း စီစဉ်တင်ဆက်သူ၊ သရုပ်ဆောင်၊ အဆိုတော် စတဲ့ အလုပ်တွေအားလုံးနဲ့ အောင်မြင်မှုရရှိခဲ့လို့ “Triple Threat” လို့ တင်စားခြင်းခံရတဲ့ သူတစ်ယောက်ပါ။ Famous Princess drama နဲ့အတူ main lead ပိုင်းကို အစပျိုးနိုင်ခဲ့ပြီး ယခုချိန်ထိ drama ပေါင်း (၁၄) ခု၊ Movie ပေါင်း (၂) ခု ရိုက်ကူးခဲ့ပြီးပါပြီ။ သူ့ရဲ့ အအောင်မြင်ဆုံး drama ကတော့ Gu Family Book ဖြစ်ခဲ့ပါတယ်။
4. So Ji Sub
မင်မင်တို့ ဘယ်ဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ ဦးလေးကြီး So Ji Sub ကတော့ အသက် (၄၄) ရှိပြီဖြစ်ပြီး scene တစ်ခန်းကို ဒေါ်လာ ၆၇,၁၀၀ ရရှိလျက်ရှိနေပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အစပိုင်းမှာတော့ မော်ဒယ်အနေနဲ့ ရပ်တည်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ 8 Love Stories အမည်ရှိ drama နဲ့အတူ main lead ပိုင်း စတင်ရိုက်ကူးခဲ့ပြီး ယခုချိန်ထိ drama ပေါင်း (၂၃) ခုနဲ့ movie (၁၀) ခု ရိုက်ကူးခဲ့ပြီးပါပြီ။ အအောင်မြင်ဆုံး drama ကတော့ The Master’s Sun ပဲ ဖြစ်ပြီး ရုပ်ရှင်တွေထဲမှာလည်း Be With You, Always တို့နဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
3. Jo In Sung
အသက် (၄၀) နှစ်အရွယ် Jo In Sung ကတော့ scene တစ်ခန်းရိုက်ကူးတိုင်း ဒေါ်လာ ၆၇,၁၀၀ ရရှိနေပါတယ်။ ၂၀၀၀ ခုနှစ်မှာ School 3 drama နဲ့အတူ main role နေရာမှာ စတင်သရုပ်ဆောင်ခဲ့ပြီး ယခုချိန်ထိ drama ပေါင်း (၁၁) ခုနဲ့ movie ပေါင်း (၁၀) ခု ရိုက်ကူးလို့ပြီးခဲ့ပါပြီ။ It’s Okay, That’s Love ကတော့ သူ့ရဲ့ အအောင်မြင်ဆုံး drama ဖြစ်ခဲ့ပြီး The Great Battle, The Classic စတဲ့ ရုပ်ရှင်တွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
2. Hyun Bin
အသက် (၃၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hyun Bin ကတော့ ကိုရီးယားနိုင်ငံရဲ့ အနုပညာကြေး အမြင့်မားဆုံးသော မင်းသားတစ်လက်ဖြစ်ပြီး scene တစ်ခန်းကို ဒေါ်လာ ၈၃,၉၀၀ ရရှိနေပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပွဲဦးထွက် drama စတင် ရိုက်ကူးခဲ့ပြီး ယခုချိန်ထိ drama ပေါင်း (၁၁) ခုနဲ့ movie ပေါင်း (၁၄) ခုရိုက်ကူးခဲ့ပြီးပါပြီ။ မကြာသေးခင်ကမှ ထွက်ရှိထားခဲ့တဲ့ Crash Landing on You drama ကတော့ သူ့ရဲ့ အအောင်မြင်ဆုံး drama တစ်ခုဖြစ်ခဲ့ပါတယ်။
1. Kim Soo Hyun
ပထမနေရာမှာ အနုပညာကြေး အမြင့်မားဆုံးရရှိနေတဲ့ နောက်ထပ် မင်းသားကတော့ Kim Soo Hyun ပဲဖြစ်ပြီး Hyun Bin နဲ့အတူ ဒေါ်လာ ၈၃,၉၀၀ ရရှိလို့နေပါတယ်။ Dream High drama နဲ့အတူ နာမည်ကျော်ကြားလာခဲ့ပြီး You Who Came from the Star drama ကတော့ သူ့ရဲ့အအောင်မြင်ဆုံး drama ဖြစ်ခဲ့ပါတယ်။ Drama ပေါင်း (၁၂) ခုနဲ့ movie ပေါင်း (၇) ခု ရိုက်ကူးပြီးပြီဖြစ်ပြီး It’s Okay to Not be Okay drama နဲ့လည်း အားပေးမှုတွေ တစ်ခဲနက်ရရှိထားခဲ့သူပါ။