တတိယမြောက် Music Show Wins ကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ BTS နဲ့ “Yet To Come”

တတိယမြောက် Music Show Wins ကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ BTS နဲ့ “Yet To Come”

ဇွန်လ ၁၇ ရက်နေ့က Music Bank ရဲ့ အပိုင်းလေးမှာတော့ BTS တို့ဟာ သူတို့ရဲ့ “Yet To Come (The Most Beautiful Moment)” နဲ့ ၃ ရက်ဆက်တိုက် တတိယမြောက် music show လေးကို ထပ်မံပိုင်ဆိုင်သွားခဲ့ပါတယ်။

Music Bank ရဲ့ winner ဆုအတွက်ကိုတော့ BTS ဟာ BTS နဲ့ပဲ ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပြီး “Yet To Come” နဲ့ “Butter” သီချင်းတို့ ယှဥ်ပြိုင်ခဲ့ရာမှာ “Yet To Come” က 6,692 points နဲ့ 3,553 points ရရှိခဲ့တဲ့ “Butter” ကို ကျော်ဖြတ်ရင်း winner ဆုကို BTS တို့က သိမ်းပိုက်သွားနိုင်ခဲ့ကြပါတော့တယ်။

 

ဒါ့အပြင် BTS တို့ဟာ Music Bank ရဲ့ performer အဖြစ်လည်း ပါဝင်ဖျော်ဖြေသွားခဲ့ပြီး “Yet To Come” နဲ့ “For Youth” သီချင်း ၂ ပုဒ်ကို live performance အဖြစ် ဖျော်ဖြေသွားခဲ့ပါသေးတယ်နော်။ Congratulations ပါ BTS နဲ့ ARMY လေးတို့ရေ။

BTS အပြင် BDC, bugAboo, BVNDIT, DRIPPIN, ICHILLIN’, LIGHTSUM, NCT DREAM, OMEGA X, PIXY, SECRET NUMBER, TNX, TRENDZ, woo!ah!, DAWN, Wonho နဲ့ Jo Yu Ri တို့ကလည်း ဒီတစ်ပါတ်မှာ perform သွားခဲ့ကြပါတယ်။

Source: Soompi
Written: Hachi
Photos: Twitter

Leave a Reply

Your email address will not be published. Required fields are marked *

x