“Doctor Lawyer” မှာ ပါဝင်အားဖြည့်ထားခဲ့တဲ့ OST King လေး Chen
“Doctor Lawyer” မှာ ပါဝင်အားဖြည့်ထားခဲ့တဲ့ OST King လေး Chen
K-Drama ကားကောင်းတစ်ခုမှာ ဇာတ်ဝင်ခန်းတွေ အသက်ဝင်နေတယ်ဆိုတာ နောက်ကနေ ပံ့ပို့ပေးတဲ့ ဇာတ်ဝင်တေးတွေ ကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တချို့ဇာတ်ဝင်တေးတွေဆိုရင် ပရိတ်သတ်တွေရင်ထဲ မေ့မရနိုင်တဲ့အထိ နေရာယူသွားကြပါတယ်။
OST သီချင်းတွေထဲမှာတော့ EXO အဖွဲ့ဝင် Chen ဆိုထားတဲ့ သီချင်းတိုင်းက အမြဲတန်းလိုလို ပေါက်ခဲ့ပါတယ်။ ဒါကြောင့်လည်း OST king ဆိုတဲ့ Title ကို Chen က ရရှိထားတာပါ။
Chen က
(1)Make it Count – Touch Your Heart
(2)Best of Luck – It’s Okay That’s Love OST
(3)Everytime (with Punch) – Descendants of the Sun OST
(4)For You (EXO-CBX) – Moon Lovers: Scarlet Heart Ryeo OST
(5)Cherry Blossom Love Song – 100 Days My Prince OST
အစရှိတဲ့ နာမည်ကြီးကားတွေရဲ့ ဇာတ်ဝင်တေးသီချင်းတွေ သီဆိုပေးခဲ့ဖူးပါတယ်။ နောက်ပိုင်း Chen က စစ်မှုထမ်းဝင်သွားရတဲ့အတွက် နှစ်နှစ်လောက် Drama လောကနဲ့ Chen အဆက်ပြတ်သွားခဲ့ပါတယ်။
ခု Chen က စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဆိုတော့ ပြန်သီဆိုပေးဖို့ကို ပရိုဂျူဆာတွေက အလိုရှိနေကြပါတယ်။ ဒါကြောင့် ခု လတ်တလောထုတ်လွှင့်နေတဲ့ “Doctor Lawyer” ဇာတ်လမ်းတွဲရှည်အတွက် Chen က OST ဝင်ဆိုပေးဖြစ်ခဲ့တာပါ။
Chen ရဲ့ OST လေးကတော့ Episode (4) မှာ စ ပါလာခဲ့တာဖြစ်ပြီး သီချင်းခေါင်းစဉ်က “An Unfamiliar Day” ဖြစ်ပါတယ်။ အမျိုးအစားကတော့ Chen ရဲ့ အသံ ကြည်ကြည်ချိုချိုလေးနဲ့ လိုက်ဖက်လှတဲ့ ရင်ထဲထိစေမဲ့ ballad သီချင်းအမျိုးအစားလေးပါပဲ။
Source: Allkpop