၂၀၂၂ ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ထိုင်းမင်းသမီးချော ၁၀ ယောက်

၂၀၂၂ ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ထိုင်းမင်းသမီးချော ၁၀ ယောက်

The Joi ရဲ့ ထုတ်ပြန်ချက်အရ အောက်ဖော်ပြပါ မင်းသမီးချောတွေဟာ ၂၀၂၂ ခုနှစ်အတွက် ထိုင်းဖျော်ဖြေရေးလောကရဲ့ တန်ကြေးအမြင့်ဆုံး မင်းသမီးလေးတွေဖြစ်ခဲ့ကြပါတယ်။

10. Pancake Khemanit

အနုပညာလောကမှာ ၁၅ နှစ်ကျော်ကြာ ဖြတ်သန်းလာခဲ့သူ မင်းသမီးချော Pancake Khemanit ကတော့ No. 10 ချိတ်ခဲ့ပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 5 million Baht (၂,၆၈၆ သိန်းကျပ်)
ပွဲတက် = 90,000 Baht (၄၈ သိန်း ကျပ်)

9. Min Pechaya

လက်ရှိမှာ Win Metawin နဲ့အတူ “Devil Sister” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ကူးဖို့ရှိနေတဲ့ အလွတ်တန်းမင်းသမီးလေး Min Pechaya ကတော့ No. 9 ချိတ်ခဲ့ပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 7 million Baht (၃,၇၆၀ သိန်း ကျပ်)
ပွဲတက် = 100,000 Baht (၅၃ သိန်း ကျပ်)

8. Taew Natapohn

No. 8 နေရာမှာ ရှိနေခဲ့တဲ့ Taew လေးကတော့ သရုပ်ဆောင်ပိုင်းဘက်မှာတင်မဟုတ်ပဲ၊ အဆိုနဲ့ အကပိုင်းမှာလည်း ထူးချွန်သူ စွယ်စုံရ မင်းသမီးချောလေးတစ်လက်လည်းဖြစ်ပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 80,000 Baht (၄၂ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 7 million Baht (၃,၇၆၀ သိန်း ကျပ်)
ပွဲတက် = 180,000 Baht (၉၇ သိန်း ကျပ်)

7. Nune Woranuch

မင်းသမီး Nune Woranuch ဟာလည်း ထိုင်းဖျော်ဖြေရေးလောကမှာ ဇာတ်လမ်းတွဲပေါင်းများစွာကို လက်ခံရိုက်ကူးထားပြီး အရည်အချင်းရှိသူတစ်ယောက်ဆိုတာ ပြသထားနိုင်ခဲ့ပါတယ်။

Nune ကတော့ No. 7 နေရာမှာ ရှိနေခဲ့ပြီး သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 8 million Baht (၄,၂၉၇ သိန်း ကျပ်)
ပွဲတက် = 120,000 Baht (၆၄ သိန်း ကျပ်)

6. Baifern Pimchanok

ထိုင်းဖျော်ဖြေရေးလောကရဲ့ No. 6 တန်ကြေးအမြင့်ဆုံး မင်းသမီးလေးဖြစ်လာခဲ့တဲ့ Baifern Pimchanok ကလည်း သူမရဲ့ အမျိုးမျိုးသော ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေနဲ့အတူ နိုင်ငံတကာ ပရိသတ်တွေကြားအထိ အောင်မြင်ကျော်ကြားနေသူလေးပါ။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 8 million Baht (၄,၂၉၇ သိန်း ကျပ်)
ပွဲတက် = 180,000 Baht (၉၇ သိန်း ကျပ်)

5. Mai Davika

ထိုင်းဖျော်ဖြေရေးလောကမှာ ကမ္ဘာ့အလယ်ကို အလွှမ်းမိုးထားနိုင်ဆုံး မင်းသမီးချောလေး Mai Davika ဟာ Instagram followers အများဆုံး ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးလည်းဖြစ်သလို တန်ကြေးအမြင့်ဆုံး No. 5 မှာ ရှိနေတဲ့ မင်းသမီးလေးလည်းဖြစ်နေပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 8 million Baht (၄,၂၉၇ သိန်း ကျပ်)
ပွဲတက် = 200,000 Baht (၁၀၇ သိန်း ကျပ်)

4. Bella Ranee

ထိုင်းဖျော်ဖြေရေးလောကရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်လည်းဖြစ်နေသလို ကြော်ငြာဘုရင်မအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ မင်းသမီးချော Bella Rane ဟာလည်း No. 4 နေရာမှာ ရပ်တည်ထားခဲ့ပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 80,000 Baht (၄၂ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 9 million Baht (၄,၈၃၅ သိန်း ကျပ်)
ပွဲတက် = 200,000 Baht (၁၀၇ သိန်း ကျပ်)

3. Yaya Urassaya

မင်းသမီးချောလေး Yaya ဟာလည်း နိုင်ငံတကာနဲ့ ပြည်တွင်းမှာ လွှမ်းမိုးမှုအရှိဆုံး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို နောက်တစ်ချိန်မှာ ဖျော်ဖြေရေးလောကရဲ့ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းယူသွားမယ့်သူလို့ ထင်ကြေးပေးခံနေရတဲ့ တန်ကြေးမြင့် မင်းသမီးလေးတစ်လက်ပါပဲ။

No. 3 နေရာမှာ ရပ်တည်နေတဲ့ Yaya လေးရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 85,000 Baht (၄၆ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 9 million Baht (၄,၈၃၅ သိန်း ကျပ်)
ပွဲတက် = 300,000 Baht (၁၆၁ သိန်း ကျပ်)

2. Chompoo Araya

ရင်သွေးလေး ၃ ယောက်ရဲ့ မိခင်ဖြစ်နေပေမဲ့ ထိပ်တန်းမင်းသမီး Chompoo Araya ရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းထားနိုင်ပုံနဲ့ ဖျော်ဖြေရေးလောကက လွှမ်းမိုးထားနိုင်ခဲ့မှုတွေကတော့ အခုချိန်ထိပါပဲနော်။

Araya ကတော့ No. 2 နေရာမှာ ရှိနေခဲ့ပြီး သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 150,000 Baht (၈၀ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 10 million Baht (၅,၃၇၁ သိန်း ကျပ်)
ပွဲတက် = 150,000 Baht (၈၁ သိန်း ကျပ်)

1. Aum Patchrapa

ထိုင်းဖျော်ဖြေရေးလောကရဲ့ နှစ် ၂၀ ကျော်ကြာ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ မင်းသမီးချော Aum Patchrapa ကလည်း ယနေ့ချိန်ထိ သူမရဲ့ popularity ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပဲ။ ပျိုမြစ်ဆဲ အလှတရားတစ်ခုနဲ့အတူ နှစ်ချို့ဝိုင်လိုပဲ အရည်အချင်းပိုင်းမှာလည်း ထူးချွန်လှတဲ့ Patchrapa ကတော့ ၂၀၂၂ ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး မင်းသမီးအဖြစ် သတ်မှတ်ခံထားခဲ့ရပါတယ်။

သူမရဲ့ အနုပညာကြေးတွေကတော့ –
ဇာတ်လမ်းတွဲ ၁ ပိုင်း = 200,000 Baht (၁၀၇ သိန်း ကျပ်)
ကြော်ငြာ ၁ ခု = 15 million Baht (၈,၀၅၈ သိန်း ကျပ်)
ပွဲတက် = 300,000 Baht (၁၆၁ သိန်း ကျပ်)

Source: The Joi
Written: Hachi
Photos: Instagram

Leave a Reply

Your email address will not be published.