၂၀၂၂ နှစ်ဝက်အတွက် အဆင့်အလိုက် “အအောင်မြင်ဆုံး ချိုင်းနားသရုပ်ဆောင် (၁၀) ဦး”
၂၀၂၂ နှစ်ဝက်အတွက် အဆင့်အလိုက် “အအောင်မြင်ဆုံး ချိုင်းနားသရုပ်ဆောင် (၁၀) ဦး”
၂၀၂၂ ကတော့ နှစ်ဝက်ကျိုးလာပြီဖြစ်ပြီး ၆ လအတောအတွင်းမှာလည လူကြိုက်များတဲ့ဇာတ်လမ်းကောင်းတွေ အများကြီး ထွက်ခဲ့ပြီးပါပြီ။ သရုပ်ဆောင်အရည်အချင်း တိုးတက်ကောင်းမွန်လာမှုနဲ့ ပရိသတ်များကြား အောင်မြင်လွှမ်းမိုးနိုင်မှုအား တွက်ချက်ပြီး Vlinkage ကနေ TOP 10 စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
10. Tan Jianci (Under The Skin)
9. Tan Songyun (Master of My Own)
8. Zhao Lusi (Who Rules The Wolrd)
7. Zheng Yecheng (My Sassy Princess, Mirror: A Tale of Twin Cities)
6. Yang Zi (The Oath Of Love)
5. Ren Jialun (The Blue Whisper)
4. Wang Junkai (Be Reborn)
3. Yang Yang
တတိယနေရာ – အဆင့် (၃) မှာတော့ ထိပ်တန်းမင်းသား Yang Yang ရှိနေပါတယ်။ (၆) လအတွင်းမှာပဲ အမျိုးအစား လုံးဝမတူတဲ့ “Who Rules The World” နဲ့ “Glory of the Special Forces” တို့ ထွက်ရှိခဲ့ကာ ပရိသတ်များအား ရသစုံအောင် ပေးစွမ်းခဲ့ပါတယ်။
2. Dilireba
အဆင့် (၂) နေရာအတွက် အခိုင်အမာ နေရာယူခဲ့သူကတော့ “Queen of the Screen” ဖြစ်တဲ့ Dilireba လေးပါပဲ။ “The Blue Whisper” နဲ့ ပွဲလယ်တင့်ခဲ့သူလေးကတော့ Gong Jun နဲ့တွဲဖက်ရိုက်ကူးထားတဲ့ “The Legend Of Anle” နဲ့အတူ ၂၀၂၂ နှစ်ကုန်ပိုင်းကိုပါ စိုးမိုးဦးတော့မှာဖြစ်သလို ပထမဆုံးသော အမျိုးသမီးအမှုလိုက်ရှေ့နေအဖြစ် “Prosecution Elite” မှာ လက်စွမ်းပြတော့မှာ ဖြစ်ပါတယ်။
1. Xiao Zhan
ပထမနေရာမှာတော့ မင်းသားချော Xiao Zhan က ဗိုလ်စွဲခဲ့ပါတယ်။ ပထမနှစ်ဝက်မှာပဲ Xiao Zhan ဟာ “The Oath Of Love” ရဲ့ဆရာဝန်ဇာတ်ရုပ်လေးနဲ့ ၃ နှစ်ကြာစောင့်နေခဲ့ရသူအားလုံးအား ခြွေချခဲ့ပါတော့တယ်။ မကြာခင်မှာလည်း “The Longest Promise” ထဲမှာ တည်ငြိမ်တဲ့ ဆရာသခင်အဖြစ် ရှောင်းကျန့်ကို မြင်ရပါတော့မယ်။