Running Man အဖွဲ့ဝင်တွေ ပိုင်ဆိုင်ကြွယ်ဝမှု ဘယ်လောက်ရှိကြလဲ

Running Man အဖွဲ့ဝင်တွေ ပိုင်ဆိုင်ကြွယ်ဝမှု ဘယ်လောက်ရှိကြလဲ

ပရိသတ်တွေရဲ့ အချစ်တော် Running Man အဖွဲ့ဝင်တွေဟာ အနုပညာ၊ ဖျော်ဖြေရေးစတဲ့ ကဏ္ဍတွေမှာ ပါဝင်တင်ဆက်နေကြသူလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအခြေအနေကို သိရှိလိုသူ ပရိသတ်များအတွက် အခုလို ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Yoo Jae Suk – $11 Million

တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးလောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့အပြင် Running Manအဖွဲ့ရဲ့ အခရာတစ်ဦးလည်းဖြစ်သူ Yoo jae-sukရဲ့ ချမ်းသာကြွယ်ဝမှုက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁ သန်း ရှိတယ်လို့ ဆိုပါတယ်။ သူဟာ ကိုရီးယား တယ်လီဗေးရှင်းရှိုးတွေရဲ့ MC တွေထဲမှာ ဝင်ငွေအမြင့်ဆုံး ရရှိနေသူလည်းဖြစ်ပါတယ်။

Ji Suk Jin – $1 Million – $5 Million

Ji Suk-jin က Running Manရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်တစ်ဦးပါ။ အစ်ကိုနှာခေါင်းကြီးလို့လည်း ခေါ်ကြတဲ့ Suk-jin ကို လူရွှင်တော်အဖြစ် လူသိများခဲ့ပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ Star Golden Bell အမည်ရှိတဲ့ နာမည်ကျော် Show တစ်ခုကို ပါဝင်တင်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။ အစ်ကိုနှာခေါင်းကြီးကတော့ အမေရိကန်ဒေါ်လာ တစ်သန်းကနေ ငါးသန်းကြား ချမ်းသာကြွယ်ဝတယ်လို့ သိရပါတယ်။

Kim Jong Kook – $16 Milllion

Running Man အဖွဲ့ဝင်တွေထဲက ကျားကြီးလို့ လူသိများကြတဲ့ Kim Jong Kook (ခေါ်) Sparta Kook ကတော့ အမေရိကန်ဒေါ်လာ ၁၆သန်းချမ်းသာကြွယ်ဝတယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။ Jong Kookဟာ အဆိုတော်၊ သရုပ်ဆောင်ဖြစ်တဲ့အပြင် တီဗီရှိုးတွေမှာ ပါဝင်တင်ဆက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Haha – $1 Million – $5 Million

RM အဖွဲ့ထဲမှာ Haha ကို ကလေးကြီးလို့လည်း ချစ်စနိုးခေါ်ကြပါတယ်။ အဆိုတော်တစ်ဦးဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေမှာလည်း ပါဝင်တင်ဆက်နေသူတစ်ဦးဖြစ်ပါတယ်။ Haha ကတော့ အမေရိကန်ဒေါ်လာ တစ်သန်းကနေ ငါးသန်းကြား ချမ်းသာကြွယ်ဝတယ်လို့ သိရပါတယ်။

Song Jihyo – $12 Million

Running Man ရဲ့ Aceလေး Song Ji-hyo (ခေါ်) Mong Ji-hyoကတော့ အားလုံးသိကြတဲ့အတိုင်း သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။ RM ရဲ့  ပထမဆုံး အမြဲတမ်းအမျိုးသမီးအဖွဲ့ဝင်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ Ji-hyo ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၂သန်းရှိတယ်လို့ သိရပါတယ်။

Lee Kwang Soo – $1 Million – $5 Million

အာရှမင်းသားလေးလို့ နာမည်ကျော်တဲ့ Lee Kwang Soo ကတော့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Running Man အဖွဲ့ဝင်တစ်ဦးပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်လည်း ဆုတွေရရှိထားသူပါ။ သစ်ကုလားအုတ်လို့လည်း ချစ်စနိုးခေါ်ကြတဲ့ Lee Kwang Sooရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ တစ်သန်းကနေ ငါးသန်းကြားရှိတယ်လို့ဆိုပါတယ်။

Jeon So Min – $1 Million – $5 Million

RM အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jeon So Min ယာ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း ပါဝင်တင်ဆက်နေသူပါ။ သူမကလည်း အမေရိကန်ဒေါ်လာတစ်သန်းကနေ ငါးသန်းကြား ချမ်းသာတယ်လို့ ဆိုပါတယ်။

Yang Sechan – $ 1 Million – $5 Million

RM ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Yang Se-chan ကတော့ ဟာသလူရွှင်တော်တစ်ဦးလည်းဖြစ်ပါတယ်။ Se-chan ကလည်း အမေရိကန်ဒေါ်လာ တစ်သန်းကနေ ငါးသန်းကြား ချမ်းသာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *