ဓာတ်ပုံထဲမှာ တွဲဖက်မြင်တွေ့ခဲ့ရတဲ့ G-Dragon နဲ့ Lee Soo Hyuk

ဓာတ်ပုံထဲမှာ တွဲဖက်မြင်တွေ့ခဲ့ရတဲ့ G-Dragon နဲ့ Lee Soo Hyuk

YG က labelmates တွေဖြစ်ကြတဲ့ BIGBANG အဖွဲ့ဝင် G-Dragon နဲ့ မင်းသားချောလေး Lee Soo Hyuk တို့ရဲ့ ချစ်စရာ တွဲဖက်ပုံရိပ်လေးကိုတော့ ပရိသတ်တွေက Instagram ကနေတစ်ဆင့် မြင်တွေ့ခဲ့ကြရပါပြီ။

ဒီနေ့မှာ မင်းသား Lee Soo Hyuk ဟာ သူ့ရဲ့ IG stroy လေးမှာ G-Dragon နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို “၂၀၂၂၊ အသက် ၃၅ နှစ်” ဆိုတဲ့ စာသားလေးနဲ့အတူ upload ထားခဲ့တာပါ။

G-Dragon ကလည်း Lee Soo Hyuk ရဲ့ IG story လေးကို repost လုပ်သွားခဲ့ပြီး “အမြဲတမ်း ငယ်ရွယ်နေတယ်” လို့ comment ပေးထားခဲ့တဲ့အပြင် “ငါက ၃၃ နှစ်ပဲ ရှိသေးတာနော်” လို့ ရေးသားသွားခဲ့ပါသေးတယ်။

ဒီကောင်ချောလေး နှစ်ယောက်လုံးဟာ ၁၉၈၈ မှာ မွေးဖွားခဲ့ကြတာဖြစ်တာမလို့ အသက် ၃၅ နှစ် အရွယ် ရွယ်တူ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ မင်းသားချောကတော့ မေလဖွားဖြစ်ပြီး အစ်ကိုနဂါးလေးကတော့ သြဂုတ်မှာ မွေးတာကြောင့် လပိုင်းသာ အသက်ကွာဟတာပါ။

Lee Soo Hyuk ကတော့ လက်ရှိမှာ သူ့ရဲ့ MBC drama လေး “Tomorrow” ထွက်ရှိထားခဲ့ပြီး G-Dragon ကလည်း BIGBANG အဖွဲ့နဲ့ ကာလရှည်ကြာမှ “Still Life” single လေးနဲ့ comeback ထားနိုင်ခဲ့ပါတယ်။

Source: Soompi
Written: Hachi
Photos: Instagram

Leave a Reply

Your email address will not be published. Required fields are marked *