Song Kang, Jaehyun, Win Metawin တို့ရဲ့ Visual ပေါင်းစပ်မှုတွေနဲ့ Prada ပွဲကြီး

Song Kang, Jaehyun, Win Metawin တို့ရဲ့ Visual ပေါင်းစပ်မှုတွေနဲ့ Prada ပွဲကြီး

လက်ရှိ အင်တာနက်မှာ ပျံ့နှံ့နေခဲ့တဲ့ Prada event က ကောင်ချောလေး ၃ ယောက်ရဲ့ visual စုပေါင်းမှုဟာ netizens တွေကြားမှာတော့ လူပြောအများဆုံး ဖြစ်ရပ်လေးတစ်ခု ဖြစ်နေခဲ့ပါပြီ။ Song Kang, NCT’s Jaehyun နဲ့ Win Metawin တို့ရဲ့ တွဲဖက်မှုဟာဆိုရင်တော့ နိုင်ငံတကာက မီဒီယာအနှံ့မှာ သတင်းမွှေးလို့နေခဲ့တာပါ။

ဇွန်လ ၁၉ ရက်နေ့က အီတလီမှာ ကျင်းပသွားခဲ့တဲ့ “Milan Fashion Week” Prada ပွဲကြီးဟာဆိုရင်ဖြင့် ကမ္ဘာ့ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့သလို ပွဲတက်ရောက်ခဲ့တဲ့သူတွေကလည်း ပရိသတ်တွေရဲ့ မျက်လုံးတွေကို အာဟာရပြည့်ဝစေခဲ့တယ်လို့ ဆိုရမှာပါပဲ။

အထူးသဖြင့် ကိုရီးယား မင်းသားချော Song Kang, K-Pop idol လေး NCT’s Jaehyun နဲ့ ထိုင်းမင်းသားချောလေး Win Metawin တို့ဟာ ပရိသတ်တွေကို အလွယ်တကူပဲ မျက်စိကျစေခဲ့တာပါ။

ပွဲကြီးမှာတော့ Song Kang ဟာလည်း အခိုက်အတန့်တိုင်းမှာ ချောမောလို့နေခဲ့ပြီး Jaehyun ဟာလည်း သူ့ရဲ့အမိုက်စား visual နဲ့ ပရိသတ်တွေကို ဖမ်းစားနေခဲ့ရာမှာ “F4 Thailand” ရဲ့ မင်းသားချော Win Metawin ရောက်ရှိလာခဲ့ချိန်မှာတော့ သူ့ရဲ့ပွဲတက်ဝတ်စုံနဲ့ visual တို့ဟာ event တစ်ခုလုံးကို သိမ်းပိုက်ပြသွားခဲ့သလိုပါပဲ။

အခုလိုမျိုး အလန်းလွန်ပြီး အလွန်လန်းနေတဲ့ visual god ၃ ယောက်လုံးဟာလည်း ဓာတ်ပုံအတူတူ တွဲရိုက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာလည်း သဲသဲလှုပ်ဖြစ်ခဲ့ရပြီး အထူးသဖြင့် အဝင်းလေးရဲ့ တောက်ပတဲ့ fashion outfits ရယ်၊ မြင့်မားလှတဲ့ အရပ်အမောင်းနဲ့ ချောမောတဲ့ visual တွေဟာလည်း ပြည်ပက ပရိသတ်တွေကို ဆွဲဆောင်လို့သွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *