K-pop Idol တစ်ယောက်ရဲ့ ကြုံတွေ့လာရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေအကြောင်းကို ဖွင့်ဟပြောပြခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Jennie

ထိပ်တန်းအမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jennie ဟာဆိုရင် သူမအနေနဲ့ K-pop Idol တစ်ယောက် ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ ကြုံတွေ့လာရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေအကြောင်းကို အမေရိကန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ RollingStone နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောခဲ့တာကို တွေ့ရပါတယ်။

“၂၀၂၀ တုန်းကလုပ်ခဲ့တဲ့ World Tour လည်းပြီးရော ကျွန်မ စိတ်ရော၊ ကိုယ်ပါ နေမကောင်းဖြစ်ခဲ့ဖူးတယ်ရှင့် … ဒီလိုကိစ္စမျိုးတွေကိုတော့ ပရိသတ်တွေကို ကျွန်မအနေနဲ့ အသေးစိတ်မမျှဝေပေးချင်ပါဘူး … ပွဲထွက်ပြီးသုံးနှစ်လောက်ကြာတဲ့အထိ ကျွန်မတို့တွေ လုံး၀အနားမယူပဲ အလုပ်တွေကိုဆက်တိုက်လုပ်ခဲ့ကြတယ်”

“ရှင်တို့သိကြတဲ့အတိုင်း … အဲဒီအချိန်တုန်းက ကျွန်မတို့ရဲ့ အသက် ၂၀ ကျော်ကာစအရွယ်ဆိုတော့ ငယ်သေးတယ် … စနစ်တကျတဲ့ နေထိုင်စားသောက်သင့်တဲ့ အဲဒီအရွယ်မှာ ကျွန်မတို့ကတော့ အိပ်ချိန်တွေမမှန်ခဲ့သလို အစားကိုလည်းကောင်းကောင်းမဖြစ်ခဲ့ဘူး …နောက်ပြီး ကျွန်မရဲ့ တစ်ကိုယ်ရည်နေထိုင်ခဲ့ရတဲ့ပုံစံမှာဆိုရင် ရေဓာတ်လည်းမပြည့်၀ခဲ့ဘူး”

“ဒီလိုမျိုး သုံးနှစ်ကျော် လေးနှစ်လောက်နေခဲ့ပြီးချိန်မှာတော့ ကျွန်မတို့ရဲ့ Tour ကို စတင်ခဲ့တယ်ပေါ့ရှင် … တစ်နှစ်ခွဲလောက်ကတော့ ကျွန်မအတွက် အိမ်ဆိုပြီး သတ်သတ်မှတ်မှတ်မရှိခဲ့ဘူး … ကျွန်မရဲ့ ကိုယ်ခံအားစနစ်က မကောင်းမွန်ဘူးဆိုပေမယ့်လည်း ကျွန်မတို့ Tour ကို ပြီးတဲ့အထိပြုလုပ်နိုင်ခဲ့ပါတယ်” လို့ဆိုကာ Jennie က သူမ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ခံစားချက်တွေအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ Jennie ဟာ သူမမှာရှိနေတဲ့ အားနည်းချက်တွေကို လေ့လာပြုပြင်ပြီး ပိုမိုသန်မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *