ယခုနှစ်ထဲမှာ ချစ်သူနဲ့ လမ်းခွဲခဲ့ကြတဲ့ ထိုင်းမင်းသမီးများ

အခုဆိုရင်တော့ ၂၀၂၂ နှစ်ရဲ့ တစ်ဝက်တိတိကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပထမနှစ်ဝက်ထဲမှာပဲ ချစ်သူတွေနဲ့ လမ်းခွဲခဲ့တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံလာတဲ့ ထိုင်းမင်းသမီးလေးတွေရှိပါတယ်။ ဒီနှစ်ထဲမှာ ချစ်သူနဲ့ လမ်းခွဲပြီး single ဖြစ်သွားကြတဲ့ ထိုင်းမင်းသမီးချောလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Mo Monchanok

Mo Monchanok ကတော့ သတင်းထောက်တွေနဲ့ အင်တာဗျူးတစ်ခုမှာ ချစ်သူ V Chirawat နဲ့ ပြတ်သွားပြီလို့ ပြောပြခဲ့တာပါ။ သူမက V Chirawat နဲ့ တစ်နှစ်သာတွဲခဲ့ပြီး ပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

ချစ်သူတွေမဟုတ်တော့ပေမဲ့ နှစ်ယောက်စလုံး သူငယ်ချင်း ဆက်ဆံရေးကို ထိန်းထားကြပြီး တစ်ခါတလေ စကားပြောဖြစ်တယ်လို့ ဆိုပါတယ်။ Mo Monchanok က အနုပညာရှင်မဟုတ်တဲ့ အချစ်ဟောင်းနဲ့ သိပ်ပြီး သဟဇာတမဖြစ်တာကြောင့် လမ်းခွဲလိုက်တာ ဖြစ်တယ်လို့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Kao Supassara

“The Sc4mmer Game” ဒရမ်မာကားသစ် ဖွင့်ပွဲအခမ်းအနားမှာ မင်းသမီး Kao Suppassara က သူမနဲ့ ချစ်သူကောင်လေး Chao Chaovalit တို့ လမ်းခွဲလိုက်ပြီလို့ ထုတ်ပြောခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်သတမ်းဟာ ၃ နှစ်ကြာခဲ့ပြီး မတူညီတဲ့ နေထိုင်မှုပုံစံတွေကြောင့် လမ်းခွဲဖြစ်ခဲ့တယ်လို့ သူမကပြောပါတယ်။

Pearwah Nichaphat

Nong Thana နဲ့ အချစ်ခရီးလမ်း ၂ နှစ်ကြာပြီးချိန်မှာတော့ Pearwah Nichaphat က သူမတို့နှစ်ယောက် လမ်းခွဲလိုက်ပြီဆိုတာကို မတ်လ ၁၉ ရက်မှာ အသိပေးလာခဲ့ပါတယ်။ နှစ်ယောက်သား အဆင်ပြေမှုမရှိတဲ့အတွက် အချစ်ဟောင်းနဲ့ လမ်းခွဲလိုက်တာပါလို့ သူမက ပြောခဲ့ပါတယ်။

Soya
Ref: Thai Update

Leave a Reply

Your email address will not be published.