Prada ရဲ့ Brand Ambassador အဖြစ် တရားဝင်ရွေးချယ်ခံလိုက်ရတဲ့ NCT အဖွဲ့ဝင် Jaehyun

နာမည်ကြီးအမျိုးသား Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NCT ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jaehyun ကတော့ အခုဆိုရင် ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Prada ရဲ့ Brand Ambassador တစ်ယောက်အဖြစ် တရားဝင်ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

Prada ရဲ့ တာဝန်ရှိသူတစ်ယောက်ကတော့ သူတို့အနေနဲ့ Jaehyun ဆီမှာ တခြားသူတွေနဲ့မတူတဲ့ လွှမ်းမိုးမှုတွေရှိတယ်ဆိုတာကို ခံစားမိတဲ့အတွက် အခုလို Ambassador တစ်ယောက်အဖြစ် ရွေးချယ်လိုက်တာဖြစ်ကြောင်း၊ Jaehyun ဟာ ရုပ်ရည်အသွင်အပြင် တည်ကြည်ချောမောရုံသာမက ဖက်ရှင်အမြင်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်းဆိုကာ မှတ်ချက်ပေးထားပါတယ်။

Jaehyun ဟာဆိုရင် အခု ဇွန်လ ၁၉ ရက်နေ့တုန်းက အီတလီနိုင်ငံ၊ မီလန်မြို့မှာပြုလုပ်ခဲ့တဲ့ ‘SS23 Prada Menswear Fashion Show’ ကို တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုအဖြစ် သရုပ်ဆောင် Song Kang နဲ့အတူတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.