နာမည်ကျော် တရုတ်အနုပညာရှင်တွေနဲ့ သူတို့ရဲ့အကြောက်တရား

လူသားတိုင်းမှာတော့ ကြောက်တဲ့အရာတွေ၊ မနှစ်သက်တဲ့အရာတွေဆိုတာ ရှိတတ်ကြစမြဲဖြစ်တာကြောင့် ကြယ်ပွင့်သရုပ်ဆောင်များမှာလည်း သူတို့သဘောမကျတဲ့အရာတွေ ရှိနေကြပါတယ်။ ဖော်ပြပေးမှာကတော့ တရုတ်ကြယ်ပွင့်များနဲ့ သူတို့ကြောက်တတ်တဲ့အရာလေးတွေဖြစ်ပါတယ်။

Luhan

တောင်ကိုရီးယား Kpop အဖွဲ့ဖြစ်တဲ့ EXO နဲ့ပွဲဦးထွက်ခဲ့ပြီး ယခုအချိန်မှာ တကိုယ်တော်အနုပညာရှင်အဖြစ် ချိုင်းနားမှာအောင်မြင်နေတဲ့ Luhan ဟာ အမြင့်တွေကို တော်တော်လေးကြောက်သူဖြစ်ကြောင်း အမာခံပရိသတ်တွေဆိုရင် ကောင်းကောင်းကြီးသိပါတယ်။ အမြင့်ကြောက်သူဖြစ်တာကြောင့် မြေကြီးနဲ့ဝေးကွာတဲ့ အမြင့်တွေမှာ ပျံသန်းရတဲ့ကိစ္စမျိုး (လေယာဉ်ပျံစီးရတာမျိုး) တွေကို တတ်နိုင်သမျှရှောင်သူပဲဖြစ်ပါတယ်။

Xiao Zhan

မင်းသားချော Xiao Zhan နဲ့ပတ်သက်သမျှ အသေးစိတ်ကအစ သိသူတွေကတော့ ဘယ်အရာကိုမဆို အလယ်တည့်တည့်၊ အကွာအဝေးညီညီညာညာဖြစ်ဖို့ ဂရုစိုက်တတ်တာတဲ့ ရှောင်းကျန့်ရဲ့အကျင့်ကို သိထားကြမှာပါ။ ဒါတင်မကသေးဘဲ ဆရာရှောင်းမှာ သဘောမကျတဲ့အရာတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ ပူအိုက်မှုကို ကြောက်တာပါ။ ကြောက်တယ်ဆိုတာထက် နဂိုကတိုင် ချွေးအလွန်ထွက်တတ်သူဖြစ်တာကြောင့် ပူလောင်တဲ့ခံစားချက်မျိုးကို မကြိုက်နှစ်သက်သူပဲဖြစ်ပါတယ်။

Wang Yibo

အဆို၊အက၊ သရုပ်ဆောင်၊ အားကစား အဖက်ဖက်မှာ ဘက်စုံထူးချွန်တဲ့ Wang Yibo မှာလည်း ကြောက်တတ်တဲ့အရာလေးတစ်ခုရှိနေပြန်ပါတယ်။ ပေါ်တိလေးကတော့ အမှောင်ထုကို ကြောက်တတ်သူပါ။ အမှောင်ကြောက်သူဖြစ်တာကြောင့် အိပ်ရင်တောင်မှ မီးထွန်းပြီးမှအိပ်တတ်ကြောင်း ထုတ်ပြောဖူးပါသေးတယ်။

Zhang Yixing

အလုပ်ကြိုးစားလွန်းတဲ့ ကုမ္ပဏီပိုင်ရှင်ကြီး Lay Zhang အတွက် ကြောက်တတ်တဲ့အရာတွေက သက်မဲ့တွေမဟုတ်ပါဘူး။ Zhang Yixing ဟာ နှုတ်သီးချွန်ချွန်ထက်ထက်တွေရှိတဲ့အကောင်တိုင်းကို ကြောက်တတ်သူဖြစ်တာကြောင့် တချို့သောရသစုံလင်ရှိုးတွေမှာဆိုရင် ငှက်ကလေးတွေကိုမြင်ပြီး ထိတ်လန့်သွားတဲ့ Lay ကို မြင်ဖူးကြမယ်ထင်ပါတယ်။

Zhao Liying

ထိပ်တန်းမင်းသမီးချောလေး Zhao Liying ကတော့ ရေကို ကြောက်လန့်တတ်သူဖြစ်ပါတယ်။ သာမန်မြင်တွေ့နေကျမျိုးမဟုတ်ဘဲ ရေကန်၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ရေထုထည်အကြီးကြီးရှိတာမျိုးကို Zhao Liying က ကြောက်တာပါ။ ရေလည်းမကူးတတ်တာကြောင့် ‌ရေကိုကြောက်တဲ့ Zhao Liying ဟာ တချို့သောရိုက်ကူးမှုတွေအထဲ ရေပြင်ထဲကို ဆင်းရတာမျိုးတွေအထိ သည်းခံအားထုတ်ခဲ့ရဖူးပါတယ်။

Leave a Reply

Your email address will not be published.