EXO-L တွေအတွက် Chanyeol tattoo တစ်ခုချင်းစီတိုင်းရဲ့ အဓိပ္ပာယ်များ

EXO-L တွေအတွက် Chanyeol tattoo တစ်ခုချင်းစီတိုင်းရဲ့ အဓိပ္ပာယ်များ

မျက်မှောက်ခေတ် K-Pop လောကမှာလည်း tattoo ကိုယ်စီနဲ့ Idol တွေဟာ အများအပြား ရှိနေခဲ့ပြီဖြစ်ပြီး EXO အဖွဲ့ဝင် Chanyeol ဟာလည်း tattoo နဲ့ Idol တွေထဲက တစ်ယောက်ပါ။ မင်မင်ကတော့ ယခုတစ်ခေါက်မှာ Chanyeol လေးရဲ့ ခန္ဓာကိုယ်က tattoo တွေရဲ့ အဓိပ္ပာယ်ကို ပြေပြပေးသွားမှာပါ။

1. Guitar

Chanyeol ရဲ့ ညာဖက်လက်မောင်းက guitar ပုံစံ tattoo လေးကို L လေးတွေလည်း သတိထားမိကြမှာပါ။ ထို guitar tattoo လေးကတော့ Chayeol ရဲ့ ဂီတအပေါ် ထားရှိတဲ့ ချစ်ခြင်းနဲ့ လေးနက်မှုတွေကို ကိုယ်စားပြုနေပါတယ်။

2. “LOEY”

ဒီ tattoo လေးကိုတော့ Chayeol ရဲ့ လက်ခလယ် ဘေးသားလေးမှာ မြင်တွေ့နိုင်ပါတယ်။ “LOEY” ဆိုတဲ့ စာတန်းလေးဟာ Chanyeol ရဲ့နာမည် “YEOL” ရဲ့ ဗြောင်းဗြန် စကားလုံးလေးဖြစ်ပါတယ်။ Chanyeol ဆိုတဲ့ အမည်လေးဟာ “Alchan Yeolmae” ဆိုတဲ့ “Good Fruit” ဆိုတဲ့ စကားလုံးလေးကနေ ဆင်းသက်လာတာဖြစ်ပြီး ဒီ tattoo လေးဟာ Chayeol ဟာ ဘယ်သူဖြစ်တယ် ဆိုတာကို ကိုယ်စားပြုနေပါတယ်။

3. Monkey

Chayeol ရဲ့ ညာဖက်လက်မောင်းလေးက ဒီ monkey tattoo လေးဟာလည်း L လေးတွေ စိတ်အဝင်စားဆုံး tattoo လေးတစ်ခုပါပဲ။ ဒါလေးကတော့ သူမွေးဖွားခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ မျောက်နှစ်ကို ကိုယ်စားပြုပါတယ်။

4. Arrow

ဒီ arrow tattoo လေးကလည်း သူ့ရဲ့မွေးနေ့နဲ့ ချိတ်ဆက်နေတဲ့ သင်္ကေတလေးတစ်ခုပါ။ Chanyeol ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားတာကြောင့် Sagittarius ရာသီခွင်ဖွားဖြစ်ပြီး အဆိုပါ arrow လေးကတော့ သူ့ ရာသီခွင်ရဲ့ sign ဖြစ်ပါတယ်။

5. “L-1485”

ဒီ tattoo လေးကတော့ Chayeol အတွက်သာမက သူ့ရဲ့ fans လေးတွေဖြစ်တဲ့ L လေးတွေအတွက်ပါ အလေးနက် တန်ဖိုးအထားရဆုံး၊ နက်နဲတဲ့ အဓိပ္ပာယ်တွေ ပြည့်ဝနေတဲ့ tattoo လေးတစ်ခုဖြစ်ပြီး L လေးတွေရဲ့ အနှစ်သက်ဆုံး tattoo လေးပါ။ ဒီ tattoo လေးဟာ အချစ်၊ ယုံကြည်မှုနဲ့ သစ္စာတရားတို့ကို အခြေခံထားပါတယ်။

“1485” ကတော့ EXO fan club ဖြစ်ပေါ်လာတဲ့ သြဂုတ်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်ဆိုတဲ့ ရက်စွဲရဲ့ နံပါတ်တွေကို ပေါင်းစပ်ထားတာဖြစ်ပြီး “L” ဆိုတာကတော့ EXO ပရိသတ်လေးတွေကို ကိုယ်စားပြုပါတယ်။ ဒီ tattoo လေးဟာ Chanyeol ဟာ သူ့ရဲ့ L လေးတွေက သူ့ကိုချစ်သလိုမျိုး သူကလည်း L လေးတွေကို အရမ်းချစ်ပါတယ်ဆိုပြီး သက်သေပြနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *