Nam Joo Hyuk ဘက်မှ အပြည့်အဝ ကာကွယ်ပေးသွားခဲ့တဲ့ အတန်းဖော်ဟောင်းတစ်ဦး

Nam Joo Hyuk ဘက်မှ အပြည့်အဝ ကာကွယ်ပေးသွားခဲ့တဲ့ အတန်းဖော်ဟောင်းတစ်ဦး

မနေ့ကတော့ မင်းသား Nam Joo Hyuk ရဲ့ အထက်တန်းကျောင်းသားအရွယ်က အနိုင်ကျင့်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့အပြီးမှာတော့ မင်းသားရဲ့ အေဂျင်စီဘက်ကနေ မဟုတ်မှန်ကြောင်း ဖြေရှင်းချက်ပေးသွားခဲ့ပေမဲ့ တောင်ကိုရီးယားမှာတော့ ဒီကိစ္စရပ်တွေဟာ serious ဖြစ်တတ်ကြတာမလို့ အခုတစ်ခါမှာတော့ Nam Joo Hyuk ရဲ့ အတန်းဖော်ဟောင်းက မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးသွားခဲ့ပြန်ပါတယ်။

အဆိုပါ အမည်မသိ အတန်းဖော်တစ်ဦးဟာ Nam Joo Hyuk နဲ့ တစ်တန်းထဲ အတူတူတက်ခဲ့သလို ဘေးချင်းကပ် ထိုင်ခဲ့ကြဖူးတယ်လို့ ဆိုသွားခဲ့ပြီး Nam Joo Hyuk ဟာ အထက်တန်းကျောင်းမှာတုန်းက ဖြူစင်အေးချမ်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူများတွေကိုလည်း ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့သူဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပါ။

Nam Joo Hyuk ဟာ အတန်းသိပ်မတက်ပဲ ဘတ်စကတ်ဘောကိုပဲ အာရုံစိုက်ခဲ့တာကြောင့် ကျောင်းစာပိုင်းမှာ မထူးချွန်ခဲ့ပေမဲ့ သူ့ရဲ့ကိုယ်ကျင့်တရားဟာ ထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ လားလားမှမဆိုင်ပဲ သူဟာ ဖြူစင်ပြီး ရိုးသားသူ၊ အများအပေါ်ကိုလည်း အမြဲတမ်း ကူညီပေးခဲ့ပြီး သူ့ကိုလည်း အမြဲတမ်း ဖေးမခဲ့တဲ့ အတန်းဖော်ကောင်းတစ်ယောက်ဖြစ်ကြောင်း Nam Joo Hyuk ဘက်ကနေ ရပ်တည်သွားခဲ့ပါတယ်။

ဒါကြောင့် ဒီ post လေးကို မြင်တွေ့ခဲ့ရအပြီးမှာတော့ netizens တွေလည်း စိတ်မထိန်းနိုင်ဖြစ်ခဲ့ရပြီး Nam Joo Hyuk အတွက် လိုအပ်နေချိန်မှာလည်း အတန်းဖော်ဟောင်းက အခုလိုရှိနေပေးခဲ့တဲ့အပြင် Nam Joo Hyuk ရဲ့ အထက်တန်းကျောင်းသား နေ့ရက်တွေမှာလည်း အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ကြောင်း သိရှိရခဲ့လို့ အဆိုပါအတန်းဖော်ကိုတော့ ကျေးဇူးတင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *