Jay B ကို အစ်ကိုအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ Jay Park

Jay B ကို အစ်ကိုအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ Jay Park

Jaebum နဲ့ Jaebeok တို့ ညီအစ်ကိုနှစ်ယောက်ကတော့ သူတို့ရဲ့ချစ်စရာ chemistry လေးနဲ့ ပရိသတ်တွေကို ဖမ်းစားသွားခဲ့ပြန်ပါပြီ။ Jay B ရဲ့ solo concert မှာ Jay Park က ပါဝင်လို့လာခဲ့ပြီး အစ်ကိုအရင်းလိုမျိုး ညီလေးကို ဖေးမပေးသွားခဲ့တာပါနော်။

ပြီးခဲ့တဲ့ ပိတ်ရက်မှာ Jay B ဟာ H1GHR MUSIC နဲ့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ပထမဆုံးသော solo concert လေးမှာ ဖျော်ဖြေသွားခဲ့တာပါ။ ဖျော်ဖြေနေစဥ်အတွင်း Jay B ဟာ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ရာမှာ မျက်ရည်ဝဲခဲ့ရင်း စကားဆက်မပြောနိုင်ပဲ ဖြစ်ခဲ့အထိ Jay B တစ်ယောက် emotional ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ စင်အောက်မှာ ပွဲကြည့်နေခဲ့သူ Jay Park ကတော့ ချက်ချင်းဆိုသလိုပဲ စင်ပေါ်တက်လာခဲ့ရင်း Jay B ကို ဖက်လဲတကင်း နှုတ်ဆက်သွားခဲ့ပြီး မိုက်ခရိုဖုန်းကို ဆွဲယူကာ “မငိုပါနဲ့ Jay B ရာ” ဆိုပြီး စနောက် ပြောကြားရင်း Jay B နဲ့ ပရိသတ်တွေကို ရယ်မောစေခဲ့ပါတော့တယ်။

Jay Park ဟာ သူ့ရဲ့ Instagram acc ကနေလည်း သူတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်လေးကို ပြန်လည်မျှဝေထားခဲ့ပြီး ပရိသတ်တွေကတော့ Jay B အားငယ်ပြီး အထီးကျန်နေချိန်တိုင်းမှာ အမြဲတမ်းလိုလို အသင့်ရှိပေးခဲ့တဲ့ အစ်ကိုကြီး ပီသသူ Jay Park ကို ကျေးဇူးတင်ရင်း ဒီညီအစ်ကိုနှစ်ယောက်ကို အချစ်ပိုနေခဲ့ကြရပါပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *