K-Drama သရုပ်ဆောင်တွေကြား နာမည်အကျော်ကြားဆုံး K-Pop အဖွဲ့များ

K-Drama သရုပ်ဆောင်တွေကြား နာမည်အကျော်ကြားဆုံး K-Pop အဖွဲ့များ

တောင်ကိုရီးယားရဲ့ entertainment industry ကြီးကို ကမ္ဘာ့အလယ်မှာ အောင်မြင်မှုပေါင်းများစွာနဲ့ မျက်နှာပွင့်လန်းနိုင်စေတာဟာ K-Pop နဲ့ K-Drama တွေရဲ့ ကျော်ကြားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း K-Pop idol အဖြစ်ကနေ K-Drama သရုပ်ဆောင်ဖြစ်သွားခဲ့တဲ့ cele တွေ များစွာရှိနေသလို K-Drama ဟာလည်း K-Pop idol တွေကြားမှာ အပြောများဆုံး topic တစ်ခုဖြစ်ခဲ့ပြီး K-Drama cele တွေကြားမှာလည်း K-Pop ရဲ့ အောင်မြင်မှုဟာ ပျံ့နှံ့စီးဆင်းခဲ့ပါတယ်။

အခုပြောပြပေးသွားမယ့် K-Pop group ၅ ခုကတော့ K-Drama celebrities တွေကြားမှာ နာမည်အကြီးဆုံး၊ အပြောအများဆုံးသော K-Pop group တွေပဲဖြစ်ပြီး အချို့ သရုပ်ဆောင်တွေဆိုရင် သူတို့တွေရဲ့ အမာခံ fan တွေဖြစ်ကြပါတယ်။ အဲ့ဒီ K-Pop group တွေကတော့……။

1. Red Velvet

Red Velvet ကတော့ K-Drama cele တွေရဲ့ ပါးစပ်ဖျားက K-Pop group ပါပဲ။ မင်းသားကြီးတွေကစလို့ K-Pop idol တွေအဆုံး Red Velvet ရဲ့ vocal, performance နဲ့ stage presence တွေကို မလေးစား မနှစ်သက်ပဲ မနေနိုင်ရလောက်အောင်ပါပဲတဲ့။ Lee Kwang Soo, Jo In Sung, Song Kang နဲ့ Shin Sung Rok တို့ကတော့ Red Velvet ရဲ့ အမာခံ ပရိသတ်တွေ ဖြစ်ကြပါသတဲ့။

2. BTS

လက်ရှိ K-Pop ရေစီးကြောင်းမှာ အရှိန်ဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ BTS ကို မကြိုက်တဲ့ cele တွေကတော့ မရှိသလောက် ရှားမှာပါ။ အထူးသဖြင့် V ရဲ့ သူငယ်ချင်းအုပ်စုဟာ သရုပ်ဆောင်တွေဖြစ်ကြတာနဲ့အညီ Korea ရဲ့ entertainment industry မှာလည်း BTS ဟာ လူပြောအများဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး K-Pop group ပါ။

3. EXO

ဒီခေါင်းစဥ်အောက်မှာ EXO ဟာလည်း ချန်လှပ်ထားခဲ့လို့မရတဲ့ K-Pop group ပါပဲ။ ဒါ့အပြင် စစ်တမ်းတွေအရ EXO ဟာ K-Drama တွေထဲမှာ mention အခံရဆုံးသော group ဖြစ်ခဲ့ပြီး တစ်ဖက်မှာလည်း သူတို့ကို ကိုယ်စားပြုထားတဲ့ “EXO Next Door” ဆိုတဲ့ K-Drama ထွက်ရှိထားရလောက်တဲ့အထိ EXO ရဲ့ လွှမ်းမိုးမှုကလည်း မသေးခဲ့ပါဘူး။ ဒါ့အပြင် member အချို့ရဲ့ acting industry ထဲ ကူးပြောင်းလာခဲ့မှုကလည်း K-Drama နဲ့ EXO ဟာ ခွဲမရတဲ့ ခေါင်းစဥ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

4. TWICE

“A Nation’s Girl Group” လို့ သတ်မှတ်ခံထားရတဲ့ အကြောင်းရင်းကတော့ TWICE တို့ဟာ သူတို့လေးတွေရဲ့ charms နဲ့ talents တွေနဲ့အတူ ကိုရီးယားပြည်သူလူထုရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်နိုင်စေခဲ့လို့ပါ။ ဒါ့ကြောင့် K-Drama celebrities တွေဟာလည်း TWICE တို့ရဲ့ ချစ်စရာကောင်းမှုတွေနဲ့ အသံချိုချိုလေးတွေကို မငြင်းပါယ်နိုင်ခဲ့ပါဘူး။ ဒိတ်ဒိတ်ကြဲ မင်းသား Lee Seung Gi, Park SeoJun နဲ့ Cha Tae Hyun တို့ကတော့ TWICE တို့ရဲ့ fanboys တွေဖြစ်ကြပါတယ်။

5. SHINee

SHINee တို့ကလည်း သူတို့ခေတ်အခါက အာရှတစ်ခွင် ကျော်ကြားခဲ့ပြီး U.S.A သမ္မတဟောင်း Barack Obama နဲ့ ပြီးခဲ့တဲ့ U.S.A သမ္မတကတော် Melania Trump ကလည်း တောင်ကိုရီးယားကို အလည်ပတ်လာခဲ့စဥ်က Minho ရဲ့ charms တွေကြောင့် ကြွေဆင်းခဲ့ကြရဖူးပါတယ်တဲ့။

သူတို့လို အထင်ကရ ပုဂ္ဂိုလ်တွေတောင် SHINee ရဲ့ အငွေ့အသက်တွေနဲ့ မကင်းလွတ်နိုင်ခဲ့သလို K-Drama celebrities တွေထဲမှာလည်း SHINee အဖွဲ့ဝင်တွေကို idolize လုပ်ထားသူတွေ၊ ကြိုက်နှစ်သက်သူတွေ အများအပြား ရှိနေပါတယ်။ အထူးသဖြင့် Taemin နဲ့ Minho တို့ဟာ young actors တွေရဲ့ role models တွေ ဖြစ်ကြပါသတဲ့။

Leave a Reply

Your email address will not be published. Required fields are marked *