သာမန် အမျိုးသားတစ်ဦးနဲ့ နီးစပ်တော့မယ့် Toey Jarinporn

ထိုင်းအနုပညာရှင်တွေ ပြောတတ်တဲ့ စကားပြောနေတယ်ဆိုတာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုးသွယ်ဖို့အတွက် တစ်ယောက်အကြောင်းတစ်ယောက်သိအောင် အစပျိုးနေပြီလို့ ဆိုလိုချင်ကြတာပါ။

ထိုင်းမင်းသမီးလေး Toey Jarinporn က သူမဟာ အနုပညာရှင်မဟုတ်တဲ့ အမျိုးသားတစ်ဦးနဲ့ စကားပြောဖြစ်နေပြီလို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီအကြောင်းကို သူမရဲ့ဒရာမာကားသစ် “Undercover Kitchen” ဖွင့်ပွဲမှာ ပြောပြခဲ့တာပါ။

Toey Jarinporn ဟာ single အဖြစ် တစ်ယောက်တည်းနေလာတာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး အဆိုပါ အမျိုးသားအကြောင်း ပိုမိုသိလာအောင်လို့ အခုလို စကားပြောတဲ့ အဆင့်မရောက်ခင်ကတည်းက သူ့ကို သိနှင့်ပြီးသားဖြစ်တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်က ချစ်သူဟောင်း Alek Teeradetch ရဲ့ ပို့စ်မှာ ကွန်မန့်သွားပေးခဲ့တဲ့အကြောင်းကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

Toey Jarinporn က Alek Teeradetch ရဲ့ ပို့စ်မှာ ကွန်မန့်ပေးဖြစ်တာက ပုံလေးက ချစ်စရာကောင်းတဲ့အတွက် ပေးခဲ့တာဖြစ်ပြီး သူတို့  couple လေးက ချစ်စရာကောင်းသလို Alek Teeradetch ပျော်နေတာကို မြင်ရတာလည်း စိတ်ချမ်းသာပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ချစ်သူဟောင်းပေါ်လည်း မေတ္တာထားနိုင်တဲ့ Toey Jarinporn လေးကိုလည်း မြတ်မြတ်နိုးနိုး ချစ်မယ့် ချစ်သူလေးတစ်ယောက် မြန်မြန်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soya
Ref: Thai Update

Leave a Reply

Your email address will not be published.