ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့ Lee Honey

ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့ Lee Honey ဟာဆိုရင် သူမရဲ့ ပထမဆုံးသောရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ဇွန်လ ၂၀ ရက်နေ့ မနေ့တုန်းက ဆိုးလ်မြို့ရှိ ဆေးရုံတစ်ခုမှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီအကြောင်းကို Lee Honey ရဲ့ အေဂျင်စီဖြစ်တဲ့ Saram Entertainment ဘက်ကနေ ဇွန်လ ၂၁ ရက်နေ့ ဒီနေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပြီး ယင်းကြေညာချက်အရတော့ မိခင်ရော၊ ကလေးပါ ကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။

Lee Honey ဟာ သူမရဲ့ချစ်သူဖြစ်တဲ့ အပြင်သာမန်လူတစ်ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး အဲဒီနောက်တစ်လအကြာမှာတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်တယ်ဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *