ပရိသတ်တွေ အကြည့်ချင်နေကြဆုံးဖြစ်တဲ့ မကြာမီပြသမယ့် ထိုင်းဇာတ်လမ်းတွဲကောင်းလေးများ

ပရိသတ်တွေ အကြည့်ချင်နေကြဆုံးဖြစ်တဲ့ မကြာမီပြသမယ့် ထိုင်းဇာတ်လမ်းတွဲကောင်းလေးများ

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် website ဖြစ်တဲ့ Thaiupdate ကတော့ ပရိသတ်တွေ အကြည့်ချင်ကြဆုံး ဇာတ်လမ်းတွဲလေးများဆိုတဲ့ ခေါင်းစဥ်နဲ့အတူ သူတို့ရဲ့နိုင်ငံတကာပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဘယ်ဇာတ်လမ်းတွဲတွေက မပြသခင်မှာ စိတ်ဝင်စားမှုမြင့်တက်နေလဲဆိုတာ သိရှိနိုင်သလို မြန်မာပရိသတ်တွေအနေနဲ့လည်း ကိုယ့်ရဲ့စောင့်ကြည့်စာရင်းမှာ ထည့်မှတ်ထားနိုင်ဖို့ရာ voting results က Top 5 အစောင့်မျှော်နေကြဆုံး ဇာတ်လမ်းတွဲကောင်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။

5. The Deadly Affair

သဲထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ မဟေဌိဆန်ဆန်နဲ့ အချစ်ရသကိုပါ ခံစားကြည့်ရှုသွားရမယ့် “The Deadly Affair” လို ဇာတ်လမ်းမျိုးကိုလည်း မြန်မာပရိသတ်တွေအနေနဲ့ အကြိုက်တွေ့မိမှာ အသေအချာပါပဲ။ ပရိသတ်တွေ အကြည့်ချင်ဆုံးစာရင်းရဲ့ No. 5 မှာ ရပ်တည်နေတဲ့ ဒီဇာတ်လမ်းတွဲမှာတော့ James Jirayu နဲ့ Gina Yeena တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

4. Bad Romeo

ဒီဇာတ်လမ်းတွဲလေးကလည်း drama ရသပြင်းပြင်းနဲ့ ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းတွဲလေးဖြစ်သလို ပါဝင်သွားမယ့် အဓိကသရုပ်ဆောင်တွေကလည်း ပရိသတ်ကြိုက်တွေဖြစ်တဲ့ Mario Maurer နဲ့ Yaya Urassaya တို့ ဖြစ်နေကြလို့ “Bad Romeo” ကတော့ ပရိသတ်တွေ အကြည့်ချင်ဆုံးစာရင်းရဲ့ No. 4 မှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

3. Lai Kainnaree

“Lai Kainnaree” ကတော့ ပရိသတ်အားပေးအခံရဆုံး အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ Nadech Kugimiya နဲ့ Yaya Urassaya တို့ရဲ့ အတွဲအဖက်လေး ပါဝင်သွားမယ့် နန်းတွင်းဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးကလည်း စောင့်ကြည့်သူများပြားနေပြီး ပရိသတ်တွေ အကြည့်ချင်ဆုံးစာရင်းရဲ့ No. 3 မှာ ရပ်တည်နေခဲ့ပါတယ်။

2. Love Destiny 2

Pope Thanawat နဲ့ Bella Rane တို့ရဲ့ လိုက်ဖက်လွန်းလှတဲ့ chemistry ကြောင့် Season 1 မှာလည်း လူကြည့်အများဆုံး စံချိန်တင်ခဲ့သလို ဆက်လက်ပြသသွားမယ့် Season 2 ဟာလည်း စောင့်ကြည့်သူ များပြားနေလျက်ရှိပါတယ်။ “Love Destiny 2” ကတော့ ပရိသတ်တွေ အကြည့်ချင်ဆုံးစာရင်းမှာ No. 2 ချိတ်ခဲ့ပါတယ်။

1. You’re My Makeup Artist

Rom-Com ချစ်သူ ပရိသတ်တွေအတွက်တော့ ဖျော်ဖြေမှုရသ ပေးစွမ်းသွားမယ့် ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်သလို မင်းသား Gulf Kanawut နဲ့ မင်းသမီး Janie Tienphosuwan တို့ရဲ့ အသက်အရွယ် ကွာခြားမှုနဲ့ chemistry ဟာလည်း ပရိသတ်တွေကြားမှာ ဆွဲဆောင်နေတဲ့ အချက်အလက်လေးတွေဖြစ်ပါတယ်။ ဒါကြောင့် “You’re My Makeup Artist” ဆိုတဲ့ မနဲ့မောင် rom-com လေးကတော့ နိုင်ငံတကာပရိသတ်တွေရဲ့ အကြည့်ချင်နေဆုံး ဇာတ်လမ်းတွဲလေးအဖြစ် No. 1 မှာ ရပ်တည်သွားခဲ့ပါတယ်နော်။

Source: Thaiupdate
Written: Hachi
Photos: Ch3

Leave a Reply

Your email address will not be published.