၂၀၂၂ ရဲ့ ပထမနှစ်ဝက်အတွင်း ရှာဖွေမှုအများဆုံး အမျိုးသမီး Idol များ

၂၀၂၂ ရဲ့ ပထမနှစ်ဝက်အတွင်း ရှာဖွေမှုအများဆုံး အမျိုးသမီး Idol များ

လတ်တလောကမှ ထုတ်ပြန်လိုက်တဲ့ Google ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ပရိသတ်တွေရဲ့ ရှာဖွေခြင်းကို အများဆုံး ရရှိထားခဲ့ကြတဲ့ အမျိုးသမီး Idol လေးတွေရဲ့ ရလဒ်တွေဟာလည်း ပေါ်ထွက်လို့လာခဲ့ပါပြီနော်။

Google က ထုတ်ပြန်လိုက်တဲ့ ရလဒ်တွေအရတော့ BLACKPINK အဖွဲ့ဝင် jennie ဟာ ၂၀၂၂ ရဲ့ ပထမနှစ်ဝက်မှာ ရှာဖွေမှုအများဆုံး အမျိုးသမီး Idol လေး ဖြစ်လို့လာခဲ့ပါတယ်။

Jennie ရဲ့ နောက် ဒုတိယနေရာမှာ ရှိနေတာကတော့ aespa အဖွဲ့ဝင်လေး Winter ဖြစ်ပြီး တတိယနေရာမှာတော့ Girls’ Generation အဖွဲ့ဝင် Taeyeon က ရပ်တည်လို့နေခဲ့တာပါ။

ဆက်လက်ပြီး စတုတ္ထနဲ့ ပဥ်စမနေရာတို့မှာတော့ IVE အဖွဲ့ဝင် Jang Wonyoung နဲ့ aesapa အဖွဲ့ဝင် Karina တို့က ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ကျန်တဲ့ Top 10 စာရင်းဝင် အမျိုးသမီး Idol လေးတွေကို ဖော်ပြရမယ်ဆိုရင်တော့ No. 6 မှ No. 10 နေရာအထိ Irene, Kim Garam, Chuu, Jisoo, နဲ့ Rose တို့က အစဥ်လိုက်တိုင်း ရပ်တည်နေခဲ့ပြီး No. 11 မှ No. 20 နေရာအထိမှာတော့ YoonA, Leeseo, Arin, Nayeon, Kazuha, Jeon Soyeon, Kim Chaewon, Seulgi, Tzuki, Joy တို့က အစဥ်လိုက်တိုင်း ရှိနေခဲ့ပါတယ်။

ကျန်ရှိနေတဲ့ No. 21 မှ No. 50 နေရာတွေမှာတော့ Miyeon, Ahn Yujin, Jeongyeon, Hwa Sa, Yuna, Sullyoon, YooA, Jihyo, Bona, Ryujin, Rei, Ningning, Minnie, Wendy, Sakura, Dahyun, Shuhua, Momo, Lisa, Luda, Yeji, Chaeyoung, Tzuyu, Yeri, Giselle, Lee Nakyung, Yeseo နဲ့ SeolA တို့က အစဥ်လိုက်တိုင်း ရှိနေခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.