“Proof” album နဲ့အတူ BTS သိမ်းပိုက်နိုင်ခဲ့တဲ့ Billboard ရဲ့အမိုက်စား စံချိန်များ

“Proof” album နဲ့အတူ BTS သိမ်းပိုက်နိုင်ခဲ့တဲ့ Billboard ရဲ့အမိုက်စား စံချိန်များ

BTS ကတော့ ဒီတစ်ပါတ်ရဲ့ Billboard chart တွေကို anthology album “Proof” နဲ့ အပြတ် လွှမ်းမိုးထားနိုင်ခဲ့ပါပြီ။ လတ်တလောမှာပဲ Billboard 200 မှာ No. 1 နေရာကို သိမ်းပိုက်ခဲ့ရင်း ပွဲဦးထွက်နိုင်ခဲ့တဲ့ “Proof” ရဲ့ ယခုတစ်ပါတ် အောင်မြင်မှုတွေကို Billboard က ထပ်မံဖော်ပြလို့သွားခဲ့ပါတယ်။

Billboard ရဲ့ ကြေငြာချက်အရ BTS ဟာ “Proof” နဲ့အတူ Billboard ရဲ့ charts စုစုပေါင်း ၉ ခုထက် မနည်း No. 1 နေရာတွေကို ဗိုလ်စွဲသွားခဲ့တယ်လို့ သိရပြီး အမေရိကန်နိုင်ငံရဲ့ တစ်ပါတ်တာ ရောင်းအားအကောင်းဆုံး အဖွဲ့လိုက် album လေးအဖြစ်လည်း မှတ်တမ်းတင်ထားခဲ့တဲ့ ဒီ album လေးဟာ Billboard 200, Top Album Sales chart, Top Current Album Sales chart,  World Albums chart, နဲ့  Tastemaker Albums chart တို့မှာ No. 1 တွေချည်း ပွဲဦးထွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် BTS ဟာ Billboard ရဲ့ Top Album Sales chart မှာလည်း သူတို့ရဲ့ မတူညီတဲ့ album ၆ ခု နဲ့ No. 1 နေရာတွေကို ဆွတ်ခူးနိုင်ခဲ့ပြီမလို့ K-Pop အဖွဲ့တွေရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံး အဖွဲ့အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ကမ္ဘာ့ဂီတမှတ်တမ်းမှာလည်း The Beatles, Metallica, Dave Matthews Band (album အရေအတွက် ၇ ခုစီ) တို့ရဲ့ နောက်မှာ ရပ်တည်ထားနိုင်ခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ BTS ရဲ့ “Yet To Come” ဟာလည်း Billboard’s Hot 100 မှာ No. 13 အဖြစ် ပွဲဦးထွက်လာခဲ့ပြီး B-side track လေး “Run BTS” ဟာလည်း No. 73 နဲ့ ပွဲဦးထွက်နိုင်ခဲ့လို့ non-english သီချင်း ၂ ပုဒ် နဲ့ အခုလို လုပ်ပြနိုင်ခဲ့တဲ့ အံ့မခန်း မှတ်တမ်းကောင်းမျိုးကိုပါ ပိုင်ဆိုင်သွားခဲ့ပြန်တာပါ။

ဒါ့အပြင် BTS ဟာ ဒီတစ်ပါတ် Artist 100 မှာလည်း No. 1 အဖြစ်နဲ့ ရက်သတ္တပါတ်ပေါင်း ၂၁ ပါတ် ဆက်တိုက်အထိ ရပ်တည်ထားနိုင်ဆဲပါပဲနော်။ အခုလိုမျိုး မေးရိုးတွေ ပြုတ်ကျစေရမယ့် အမိုက်စား record တွေအတွက်လည်း Congratulations ပါ ကောင်လေးတို့ရေ။

Leave a Reply

Your email address will not be published.