Idol တစ်ယောက်ဖြစ်ဖို့အတွက် SEVENTEEN အဖွဲ့ဝင်တွေနဲ့အတူ Training ယူခဲ့ဖူးတယ်ဆိုတဲ့ Kim Min Gue

“Business Proposal” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့တဲ့ မင်းသား Kim Min Gue ဟာဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးမထွက်ခင်အချိန်တုန်းက K-pop Idol တစ်ယောက်ဖြစ်လာဖို့အတွက် လေ့ကျင့်ခဲ့ရဖူးသူဖြစ်ပါတယ်။

ဒီအကြောင်းကို Kim Min Gue က “Radio Star” အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်တင်ဆက်ခဲ့စဉ်အချိန်တုန်းက ပြောပြခဲ့တာဖြစ်ပြီး သူ့ရဲ့ပြောပြချက်အရတော့ သူဟာ SEVENTEEN အဖွဲ့ဝင်တွေနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

“K-pop Idol အဖွဲ့ဝင်ဖြစ်လာဖို့အတွက် ကျွန်တော်လေ့ကျင့်ခဲ့ရတဲ့ကာလကတော့ အရမ်းတိုတောင်းပါတယ် … တကယ်လို့ လေ့ကျင့်မှုတွေအပြီးသတ်သွားတဲ့အခါမှာ ဘယ်အဖွဲ့မှာပါဝင်ဖြစ်မလဲဆိုတာကိုတော့ မသိခဲ့ရပေမယ့် အဲဒီမှာကျွန်တော်နဲ့အတူ လေ့ကျင့်ခဲ့ကြတဲ့သူတွေကတော့ အခု SEVENTEEN ရဲ့ အဖွဲ့ဝင်တွေပါပဲ”

“သင်တန်းသားတစ်ယောက်ဖြစ်ခဲ့တဲ့အချိန်ကတော့ တစ်လပဲရှိခဲ့တာပါ … အရိုးသားဆုံးပြောရရင် ကျွန်တော်က အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် သီဆိုမှုအပိုင်းမှာ အရည်အချင်းတွေပြည့်၀တဲ့သူလည်းမဟုတ်သလို အကလည်းတော်တဲ့သူ မဟုတ်ပါဘူး” လို့ဆိုကာ Kim Min Gue က သူ့အနေနဲ့ဖြတ်သန်းခဲ့ရတဲ့ Trainee ကာလအကြောင်းတွေကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

Kim Min Gue ဟာ “Monstar” ဇာတ်လမ်းတွဲနဲ့ ၂၀၁၃ ခုနှစ်မှာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ‘Snowdrop’ နဲ့ “Business Proposal” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုခြင်းကိုရရှိခဲ့ပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published.