GOT7 အဖြစ်ပြန်လည်ပြီး ပရိုမိုးရှင်းလုပ်ရတာက အိပ်မက်တစ်ခုလိုခံစားရတယ်ဆိုတဲ့ Jay B

GOT7 ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သူ Jay B ဟာဆိုရင် သူ့အနေနဲ့ GOT7 အဖြစ် ပြန်လည်ပရိုမိုးရှင်းပြုလုပ်ရတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအကြောင်းကို COSMOPOLITAN ဖက်ရှင်မဂ္ဂဇင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“အဖွဲ့ဝင် ၇ ယောက်လုံးက ဒီလိုမျိုးပြန်လည်ပေါင်းစည်းဖို့အတွက် ဆန္ဒပြင်းပြခဲ့ကြတာပါ … ကျွန်တော့်အနေနဲ့ကတော့ ပေါင်းစည်ဖို့အတွက် စတင်ပေးရတာကလွဲပြီး တခြားကြီးကြီးမားမားလုပ်ခဲ့ရတာတွေ မရှိပါဘူး။ ပရိုမိုးရှင်းလုပ်နေခဲ့ရတဲ့တစ်လျှောက်မှာလည်း အိပ်မက်မက်နေသလိုမျိုး ခံစားခဲ့ရပါတယ်”

“ပရိသတ်တွေကို ကတိပေးခဲ့အတိုင်း ကျွန်တော်တို့တွေအတူပြန်လာနိုင်ခဲ့တာကတော့ အပျော်ဆုံးနဲ့ ဂုဏ်အယူရဆုံးပါပဲ။ ကျွန်တော့်အတွက် အံ့အားသင့်စေတဲ့တစ်ခုကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်က ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးအောင်မြင်ခဲ့တာပါပဲ တကယ်လို့ အဲဒီအယ်လ်ဘမ်က ထင်ထားခဲ့သလိုမျိုး မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အဖွဲ့တစ်ဖွဲ့အဖြစ်ရှေ့ဆက်သွားဖို့က ပိုပြီးခက်ခဲသွားနိုင်ပါတယ်” လို့ဆိုကာ Jay B က သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

GOT7 အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ‘A’, ‘Stop stop it’, ‘If You Do’, ‘Hard Carry’, ‘Lullaby’ အစရှိတဲ့ သီချင်းတွေနဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်ဝါရီလမှာတော့ JYP Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် အဖွဲ့ဝင်တွေအကုန်လုံးဟာ အေဂျင်စီကနေထွက်ခွာလာခဲ့ကြကာ တစ်ကိုယ်တော်တွေအဖြစ် အသီးသီးလျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ် မေလမှာတော့ JYP Entertainment ကနေထွက်ခွာလာခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၇ ယောက်လုံးစုစည်းပြီး ပထမဆုံးအကြိမ် Comeback ပြုလုပ်ခဲ့ကာ ‘HOMECOMING with I GOT 7’ ဆိုတဲ့ Concert ကိုလည်းကျင်းပခဲ့ပါသေးတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published.