ယနေ့အချိန်ထိတိုင် နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ “The Untamed” ဇာတ်လမ်းတွဲ

ယနေ့အချိန်ထိတိုင် နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ “The Untamed” ဇာတ်လမ်းတွဲ

တရုတ်ဖျော်ဖြေရေး နယ်ပယ်မှာ ပရိတ်သတ်ပေါင်းများစွာရဲ့ ထောက်ခံအားပေးမှုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ တစ်ဟုန်ထိုး အောင်မြင်မှုတွေနဲ့ လွှမ်းမိုးခဲ့တဲ့ The Untamed ဇာတ်လမ်းတွဲဟာ ယခုအချိန်အထိ အတိုင်းအဆမရှိ အောင်မြင်နေဆဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင် (၂) ဦးဖြစ်တဲ့ Wang Yibo နဲ့ Xiao Zhan တို့ဟာလည်း ယခုအချိန်မှာ ထိပ်တန်းအနုပညာရှင်များအဖြစ် ရပ်တည်နေပြီး များစွာသော ပရိတ်သတ်များရဲ့ ထောက်ခံအားပေးမှုတွေကို ရယူပိုင်ဆိုင် ထားကြပါတယ်။

ထို့အတူ The Untamed အဖွဲ့သားများရဲ့ ပေါင်းစည်းအင်အားအတွက် သက်သေသာဓကများအဖြစ် ဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ (၂၀၁၉) ခုနှစ်က ထုတ်လွှင့်ပြသခဲ့ပြီး အချိန် (၂) နှစ်ကျော်၊ (၃) နှစ်နီးပါး ရှိသွားပြီ ဖြစ်ပေမယ့် ရိုးမသွားနိုင်တဲ့ ရသတွေနဲ့အတူ ပရိတ်သတ်တွေကို ရင်ခုန်မှုတွေ ပေးစွမ်းနိုင်ဆဲပါ။

ဇာတ်လမ်းတွဲထဲမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်များနဲ့ ခိုင်မာတဲ့ဇာတ်အိမ်တို့က ကြည့်ပြီးသွားသူများကို ထပ်တလဲလဲ ပြန်ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်သလို မကြည့်ရသေးသူများအတွက်လည်း တကယ်ကို မလွဲချော်သင့်တဲ့ ဆွဲဆောင်မှုတွေကို ပေးစွမ်းနိုင်တာကြောင့် ယခုအချိန်ထိ ပရိတ်သတ်တွေကြားမှာ ရာဇဝင်တွင်အောင် ကျော်ကြားနေတာကို တွေ့ရပါတယ်။

အချိန်တွေကြာသွားပြီး ရိုးအီမသွားတဲ့အပြင် အမြဲအမှတ်ရနေစေတဲ့ ဒီဇာတ်လမ်းတွဲဟာ Douban မှာ Rating ပေါင်း (၁) သန်းကျော်သွားပြီ ဖြစ်ပါတယ်။ လက်ရှိ Rating အရေအတွက်ဖြစ်တဲ့ (၁၆၄၄၆၇၆) ဟာလည်း အဆက်မပြတ် တိုးလာနေဆဲ ဖြစ်ပါတယ်။

ထို့အပြင် The Untamed လို့ ပြောလိုက်တာနဲ့ ပထမဆုံးသတိရမိကြတဲ့ အဓိကသရုပ်ဆောင် (၂) ဦးဖြစ်တဲ့ Wang Yibo နဲ့ Xiao Zhan တို့ဟာ Asia Pacific Best Artist Award ရဲ့ Winner တွေအဖြစ် The Untamed ဇာတ်လမ်းတွဲနဲ့ နံပါတ် (၁) နေရာကို ထပ်မံရယူပိုင်ဆိုင်ခဲ့ကြပြန်တာကိုလည်း တွေ့ရပါတယ်။ တကယ်ကို အရှိန်အဝါကြီးမားတဲ့ အောင်မြင်မှုတွေရဲ့ ပြယုဂ်ပါပဲ။

Leave a Reply

Your email address will not be published.