ဒီတစ်ပါတ်အတွက် လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ ပြသနေဆဲ K-Drama များ

ဒီတစ်ပါတ်အတွက် လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ ပြသနေဆဲ K-Drama များ

Nielsen Korea ရဲ့ အချက်အလက်တွေအရ ဒီတစ်ပါတ်အတွက် လူကြည့်အများဆုံး ongoing K-Drama တွေထဲမှာ KBS2 ရဲ့ “Jinxed at First” က လူကြည့်အများဆုံး drama လေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“Jinxed at First” ဟာ တစ်နိုင်လုံးရဲ့ ကြည့်ရှုမှု rating အရ 4.2% အထိ ရရှိထားခဲ့ပြီး ယခင်အပါတ်ကထက် rating 0.1% ကျဆင်းသွားခဲ့ပေမဲ့လည်း No. 1 နေရာမှာပဲ ဆက်လက် ရပ်တည်ထားနိုင်ဆဲပါ။

ဒုတိယနေရာမှာတော့ tVN ရဲ့ “Eve” drama က တစ်နိုင်ငံလုံးရဲ့ ကြည့်ရှုမှု rating 3.6% နဲ့ ရှိနေခဲ့ပါတယ်။ “Eve” ဟာလည်း အရင်တစ်ပါတ်က rating 3.9% ထက် 0.3% ကျဆင်းသွားခဲ့တာပါ။

တတိယနေရာမှာတော့ JTBC ရဲ့ “Insider” drama လေးက nationwide rating 3.184% နဲ့ ရပ်တည်လို့နေခဲ့ပြီး အရင်တစ်ပါတ်က rating 3.3% ထက် ကျဆင်းလို့သွားခဲ့ပါတယ်။

မြန်မာပြည်က ပရိသတ်တွေကရော ဘယ် K-Drama လေးကို အကြည့်ရှုဖြစ်နေဆုံးပါလဲ။

Leave a Reply

Your email address will not be published. Required fields are marked *